Tuesday, 25 June 2019 04:21

 

 

featured 71

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အိမ်သုံးမီတာ အသုံးပြုသူများအနေဖြင့်
၁ ယူနစ်မှ ၃၀ ယူနစ်ထိ တစ်ယူနစ်လျှင် ၃၅ ကျပ်၊
၃၁ ယူနစ်မှ ၅၀ ယူနစ်ထိ ၅၀ ကျပ်၊
၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊
၇၆ ယူနစ်မှ ၁၀၀ ယူနစ်ထိ ၉၀ ကျပ်၊

>>> အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ ၁၁၀ ကျပ်၊
၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်ထိ ၁၂၀ ကျပ်
၂၀၀ ယူနစ်နှင့် အထက် ၁၂၅ ကျပ် သို့ ပြောင်းလဲ ကျသင့်မည် ဖြစ်သည်။

ယခင်က အိမ်သုံးမီတာကို ၁ ယူနစ်မှ ၁၀၀ ယူနစ်ထိ တစ်ယူနစ်လျှင် ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်ထိ ၄၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ် ကောက်ခံရာမှာ ယခုကဲ့သို့ ပြင်ဆင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အိမ်သုံးမီတာ အမျိုးအစားတွင် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း ( အိမ်သုံး )၊ စီးပွားရေးလုပ်ငန်း မပါသော ဘာသာ၊ သာသနာ အဆောက်အအုံ စသည်တို့ ပါဝင်သည်။

ထို့အတူ စီးပွားရေးလုပ်ငန်းသုံး မီတာခ နှုန်းထားများသည်လည်း
၁ ယူနစ်မှ ၅၀၀ ယူနစ်ထိ တစ်ယူနစ်လျှင် ၁၂၅ ကျပ်၊
၅၀၁ ယူနစ်မှ ၅၀၀၀ ယူနစ်ထိ ၁၃၅ ကျပ်၊
၅၀၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ ၁၄၅ ကျပ်၊
၁၀၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်ထိ ၁၅၅ ကျပ်၊
၂၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်ထိ ၁၆၅ ကျပ်၊
၅၀၀၀၁ ယူနစ်မှ ၁၀၀၀၀၀ ယူနစ်ထိ ၁၇၅ ကျပ်
၁၀၀၀၀၁ ယူနစ်နှင့် အထက် ၁၈၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်သည်။

>>> မြို့နယ် ( ၇ ) ခုတွင် ယနေ့ နေ့လည် ၁ နာရီထိ မီးခဏပြတ်တောက်မည်

စီးပွားရေးလုပ်ငန်းသုံး မီတာ ( အိမ်သုံးမဟုတ်သော အမျိုးအစား ) တွင် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌနာ အဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြား သံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည်။

Source : MOEE


Read times Last modified on Tuesday, 25 June 2019 04:50
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.