Friday, 31 May 2019 04:05

 

pegu_1.jpeg

ရန်ကုန်မြို့၏ (၃၀) ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ဒဂုံမြို့နယ် စကားဝါလမ်းရှိ အမွေအနှစ်အဆောက်အအုံတစ်ခု ဖြစ်သည့် ပဲခူးကလပ်တွင် မေလ (၃၀) ရက်နေ့က တပ်ဆင်ခဲ့သည်။

YHT၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက "ပဲခူးကလပ်သည် အတက်အကျ အနိမ့်အမြင့်များရှိခဲ့သည့် သမိုင်းကြောင်းရှိခဲ့ကြောင်း၊ တစ်ချိန်က ဗြိတိသျှလက်အောက်ခံ မြန်မာနိုင်ငံ၏ လူမှုရေးနယ်ပယ်တွင် အမြင့်ဆုံးနေရာက ရှိခဲ့ပြီး ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှု၏ ဗဟိုအချက်အချာလည်း ဖြစ်ခဲ့ကြောင်း ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဘားနှင့် နိုက်ကလပ်များ >>> http://bit.ly/2EM6cXw

၎င်းက ဆက်လက်ပြီး “ယခု ပဲခူးကလပ်ကို တစ်ဖန်ပြန်လည် အသက်ဝင်စေတဲ့အခါမှာ ကိုလိုနီခေတ်က အသုံးပြုခဲ့ပုံနဲ့ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြောင်းပြန်လှန်ပြီး ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေကို မြန်မာလူမျိုးတွေ သင်ခန်းစာယူနိုင်စေဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ ယခုလို ပြန်လည်ပြင်ဆင်နေမှုအတွက် စိတ်ကူးစိတ်သန်းကောင်းပြီး ဆီလျော်သင့်တော်တဲ့ အသုံးပြုမှု ဖြစ်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။

ပဲခူးကလပ်သည် တစ်ချိန်က ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးစနစ်၏ ဗဟိုချက်ဖြစ်ခဲ့သလို မြန်မာနိုင်ငံ၏ နိုင်ငံရေး အလှည့်အပြောင်းများကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် နေရာလည်းဖြစ်သည်။

မိခင်ကို နို့ထွက်နည်းစေနိုင်သည့် အကြောင်းအရင်း (၁၁) ချက်

လက်ရှိတွင် The Pegu Club အဖွဲ့က နှစ်ရှည်ငှားရမ်းထားပြီး များမကြာမီတွင် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ လက်ခံကျင်းပနိုင်ရန် ကလပ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

Source : Yangon heritage trust


Read times
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.