Thursday, 16 May 2019 08:38

 

scania.jpg

YBS ယာဉ်လိုင်းများတွင် Scania ယာဉ်အမျိုးအစားများဖြင့် ယခုလအတွင်း ပြေးဆွဲရန်စီစဉ်နေကြောင်း YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

“Scania ကားတွေကို အခုပြေးဆွဲမယ့် ကုမ္ပဏီကလည်း ကျွန်တော်တို့အတွက် ပြေးဆွဲမယ့် Scania ထုတ်လုပ်မယ့် ကုမ္ပဏီကြီးတွေက နည်းပညာပံ့ပိုးမှုတွေ နည်းစနစ်ပံ့ပိုးမှုတွေနဲ့ ဝင်ရောက်မှာဖြစ်တယ်။ ဖြစ်တဲ့အတွက် ဥပမာ ကျွန်တော်တို့ပြေးတဲ့ လိုင်းတွေကို ကုမ္ပဏီရဲ့ ကိုယ်ပိုင်ယာဉ်ရပ်ဝန်းကြီး ထူထောင်ပြီးတော့ ဒီလအတွင်းမှာ ပြေးဆွဲနိုင်ဖို့ လုပ်နေတယ်။ Scania ကားတွေရဲ့ တန်ဖိုးကလည်း ကြီးတဲ့အတွက် လမ်းပေါ်မှာထားဖို့ကလည်း မလွယ်ဘူး။ ယာဉ်ရပ်ဝန်းထဲမှာ စနစ်တကျထားပြီးတော့ သတ်မှတ်နေရာကနေ စနစ်တကျပြေးဆွဲနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြေးဆွဲတဲ့ကာလကို ညှိနှိုင်းလို့ရရင်လည်း မိတ်ဖက်အဖွဲ့အစည်းတွေကို အသိပေးပါမယ်” ဟု ၄င်းက ပြောပါတယ်။

ထို့ပြင် YBS ယာဉ်လိုင်းများ၌ ပြည်ပမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများရှိသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်အတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံသားများရဲ့ အခွင့်အလမ်း ဆုံးရှုံးသွားနိုင်ခြင်းနဲ့ နိုင်ငံတကာယာဉ်စီးခ ကောက်ခံပါက ယာဉ်စီးခများ ကြီးမြင့်လာနိုင်သည့်အတွက် တိုင်းရင်းသားရင်းနှီးမြှုပ်နှံသူများဖြင့်သာ ဖော်ဆောင်နေကြောင်း ၄င်းက ပြောပါတယ်။

ဒုတိယအသုတ်အဖြစ် ထပ်မံရောင်းချတော့မည့် တန်ဖိုးနည်း အိမ်ရာများ

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ယာဉ်စီးရေ ၆၆၃၈ စီးရှိကြောင်း၊ စီးတီးဘတ်စ် ၄၈၇၄ စီး၊ မီနီဘတ်စ် ၁၂၂၅ စီးရှိပြီး ဆက်လက်ဖြည့်တင်းရန် ကားများလည်းရှိကြောင်း သိရပါတယ်။

YBS စနစ်တွင် ပြေးဆွဲလျက်ရှိသည့် အများပိုင်ကုမ္ပဏီများသည် YBPC၊ YUPT၊ ဗန္ဓုလ၊ Omni Focus၊ လူထုမိတ်ဆွေ၊ Power Eleven၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link၊ အမြင့်မြတ်ဆုံးအင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT၊ GYCT၊ Aero Star စုစုပေါင်းကုမ္ပဏီ ၁၇ ခုဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။

Source : eleven


Read 127 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.