Thursday, 16 May 2019 03:52

YBS_2.jpg

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ လက်အောက်တွင် YBS ယာဉ်ပြေးဆွဲလမ်းပေါင်း ၁၂၃ လမ်းရှိနေပြီး တစ်နေ့လျှင် ယာဉ်စီးရေပေါင်း ၄၃၀၀ စီးခန့်က ခရီးသည်ပေါင်း ၁.၈သန်းကို သယ်ယူပို့ဆောင်နေကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ယခုပြေးဆွဲနေသော ယာဉ်စီးရေ ၄၃၀၀ အနက် အစီးရေ ၂၇၀၀ ခန့် (စုစုပေါင်း ၆၀%ကျော်) ကို ကုမ္ပဏီပိုင်ယာဉ်များအဖြစ် ပြောင်းလဲနိုင်ခဲ့ကာ နံပါတ်ပေးပြီး ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၁၀၀ရှိသည့်အနက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ယာဉ်လိုင်းပေါင်း (၄၅)လိုင်း၊ အနောက်ပိုင်းခရိုင်တွင် (၃)လိုင်း၊ တောင်ပိုင်းခရိုင်တွင် (၁၂)လိုင်းနှင့် မြောက်ပိုင်းခရိုင်တွင် (၃၉)လိုင်းပြေးဆွဲနေကြောင်း ၄င်းက ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့က အခုဆိုရင် ထောက်ကြံ့မှာ အခြေပြုတဲ့ YBPC နဲ့ ဘီလီတံတားအဆင်းမှာ အခြေပြုတဲ့ YUPT နှစ်ခုမှာ ယာဉ်အစီးရေ ၅၀၀ စီ ရင်းနှီးမြှုပ်နှံပြီး အဲဒီကားတွေကို ပြေးဆွဲပေးနေပါတယ်။ အခုဆိုရင် ယာဉ်အသစ်တွေနဲ့ ပတ်သက်ပြီး Omni Focus က အစီးရေ ၅၀၀၊ လူထုမိတ်ဆွေ က အစီးရေ ၅၀၀ နဲ့ ဗန္ဓုလ (ပါရမီ) ဆိုရင် အင်းတကော်မှာ စက်ရုံတွေတည်ဆောက်ပြီးတော့ အစိတ်အပိုင်းတွေ တင်သွင်းတပ်ဆင်ထုတ်လုပ်ဆိုတဲ့ စနစ် (SKT) နဲ့ကားတွေထုတ်လုပ်တယ်" ဟု၎င်းက ရှင်းပြပါတယ်။

ကလေးအရွယ် ကင်ဆာ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်မည်

၂၀၁၇ခုနှစ် မတ်လတွင် YBS စီးနင်းသည့် ခရီးသည်စုစုပေါင်း ၁ ဒသမ ၄သန်း ရှိပြီး ၂၀၁၈ခုနှစ်တွင် ၀ ဒသမ ၄သန်းခန့် တိုးတက်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏စာရင်းများအရ သိရပါတယ်။

Source : Pyi Myanmar


Read 57 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.