Wednesday, 15 May 2019 05:16

Kyuu_kyaw.jpg

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်များနေထိုင်ရန် လှိုင်သာယာ မြို့နယ်အတွင်းရှိ ဧကသုံးရာမြေကွက်လပ်တစ်ခုတွင် အစားထိုးနေရာချထားပေးရန် စီစဉ်နေကြောင်း လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောဆိုသည်။

"ဒီနှစ်အတွင်း အပြီးလုပ်မယ်လို့ မှန်းထားတယ်။ လှိုင်သာယာက ကျူးကျော်တွေအတွက်ပါ။ စီးပွားရေးကျူးတွေမပါဘူး။ ကတ်ထုတ်ပေးထားသူတွေပါမယ်။ မီးဘေးသင့်ညောင်ရွာက သူတွေကို ဦးစားပေးပါမယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ အစားထိုးပေးမည့် မြေနေရာမှာ လှိုင်သာယာမြို့နယ်တွင်သာဖြစ်ပြီး နေရာအသေးစိတ် အချက်လက်များကို ထပ်မံပြောကြားပေးမည်ဖြစ်သည်။ လှိုင်သာယာမြို့နယ်တွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၅၀ဝ၀ ကျော်ရှိကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက ခံစားချက်အသစ်များ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုပေါင်း တစ်သိန်းခန့်ရှိရာ အမှန်တကယ် နေစရာမရှိသဖြင့် ကျူးကျော်နေထိုင်သူများကိုသာ နေရာချထားပေးသွားမည်ဟု သိရသည်။

Source : Myanmar Times


Read 196 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.