Tuesday, 14 May 2019 06:42

 

YESC.jpg

ကမ်းလွန်ဓါတ်ငွေ့ Compressor များရပ်တန့်ခဲ့သည့်အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အား အလှည့်ကျဝန်လျော့ခြင်း အပြင် အရေးပေါ်ထပ်လျှော့မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လျှပ်စစ်ဓာတ်အားပေးလျက်ရှိသော ရတနာကမ်းလွန်ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေသော GT စက်များ offshore တွင် Compressor (၂)လုံး အရေးပေါ် Shut Down ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် မေ ၁၄ရက် (ယနေ့) နံနက်ပိုင်းအချိန်တွင် ရွှေတောင် (15)MW၊ အလုံ (42)MW ၊ ရွာမ E-guard (60)MW ၊ သီလဝါ (25)MW ၊ လှော်ကား (35)MW စက်များ ထွက်သွားခဲ့ပြီး MW 200 ခန့်လျော့နည်းသွားခဲ့ပါသည်။ ထို့ပြင် နောက်ထပ်စက်(၃)လုံး 200MW ခန့် ထပ်ထွက်နိုင်ပါသဖြင့် ဓာတ်အားထုတ်လုပ်မှု 400MW ခန့် လျော့နည်းခဲ့ကြောင်း သိရသည်။

မေလလယ်တွင် ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် မြင့်တက်

ထိုသို့ အရေးပေါ် သဘာဝဓာတ်ငွေ့ Compressor စက်များ ရပ်တန့်မှုကြောင့် ရန်ကုန်တိုင်းအတွင်း လက်ရှိပေးနေသော လျှပ်စစ်မီး အလှည့်ဝန်အားလျော့ခြင်းအပြင် လျှပ်စစ်မီး ထပ်မံပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Source : Myanmar Times


Read 143 times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.