Friday, 10 May 2019 05:11

 

id2.jpg

ရန်ကုန်တိုင်းတွင် လာမည့်ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၅ မဂ္ဂါဝပ် ဒီဇယ်စက်များဖြင့် တစ်ရက်လျှင် ၁၀ နာရီ မောင်းနှင်၍ ဓာတ်အား ပေးနေကြောင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခေတ္တ CEO ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဦးအောင်ကျော်ဦးက ” ဒီဇယ်စက်နဲ့ ဓာတ်အားပေးတဲ့အတွက်ကို တစ်နေ့ကို ဆီဂါလန် ၁၈၀၀၀ လောက် သုံးပြီးတော့ ဓာတ်အားပေးလျက် ရှိပါတယ်။ ဒါတော့ ရန်ကုန်တိုင်းထဲမှာကို ကျွန်တော်တို့ ဒီဇယ်နဲ့ သုံးနေတဲ့ စက်နှစ်လုံး ရှိပါတယ်။ တစ်လုံးက ကျွန်တော်တို့ သာကေတမှာရှိတဲ့ ၂၅ မဂ္ဂါဝပ် တစ်လုံး ရှိပါတယ်။ နောက်တစ်ဖက်က သီလဝါဘက်မှာရှိတဲ့ ၂၅ မဂ္ဂါဝပ် နှစ်လုံး ရှိပါတယ်။ အဲတော့ အဲဒီစက်တွေ အားလုံးကို ကျွန်တော်တို့ ဒီဇယ်နဲ့ မောင်းနှင်ပြီးတော့ ဓာတ်အားပေးလျက် ရှိပါတယ် ” ဟု ပြောသည်။

လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသည့် ဆည်များအား ထိန်းသိမ်း မောင်းနှင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏသည် ခန့်မှန်းထားသည်ထက် တိုးတက်လာခဲ့ခြင်းကြောင့် မဖြစ်မနေ ထုတ်ယူသုံးစွဲခဲ့ရကြောင်း၊ လာမည့် မုတ်သုံရာသီ ရောက်မှသာ ဝန်အားလျှော့ချနေရသည့် အခက်အခဲများအား ကျော်လွှားနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။

Nightout တဲ့အခါ လက်လွှတ်မခံသင့်သည့် လူကြိုက်အများဆုံး Bar (၇) ခု

၎င်းက “ ကျွန်တော်တို့ တတ်နိုင်သလောက် ရေအားလျှပ်စစ် ဆည်တွေကို ကျွန်တော်တို့ ထိန်းသိမ်းမောင်းနှင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိန်းသိမ်းမောင်းနှင်ရင်းကနေမှ တခါတလေမှာ ကျွန်တော်တို့ ဓာတ်အား လိုအပ်ချက်အရ Demand ကလည်း ဒီနှစ် ကျွန်တော်တို့ အရင်ခန့်မှန်းတာက တစ်နှစ်ကို မဂ္ဂါဝပ် ၃၀၀ လောက်ပဲ ၄၀၀ လောက်ပဲ တက်မယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းကျတော့ ဒီနှစ်မှာ ၃၇၀၀ အထိ ကျွန်တော်တို့ တက်သွားပါတယ်။ တက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မဖြစ်မနေ လိုအပ်တဲ့ ဓာတ်အားကို ဖြည့်စွမ်းဖို့အတွက် ရေအားလျှပ်စစ်က ရေတွေကို ကျွန်တော်တို့ ထုတ်ယူပြီးတော့ မောင်းနှင်ခဲ့ရပါတယ် ”ဟု ပြောကြားသည်။

ဖေဖော်ဝါရီလနှင့် မတ်လများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသည့် ပမာဏ တိုးလာသည့်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီနိုင်ရန် ထုတ်ယူ မောင်းနှင်ခဲ့ရပြီး ယင်းသို့ ထုတ်ယူ မောင်းနှင်ခဲ့ရခြင်းအပြင် ပူပြင်းသည့်ရာသီတွင် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ ပိုမိုသုံးစွဲလာခြင်းကြောင့် လိုအပ်မှုများလာပြီး ဝန်အား လျှော့ချရမှုများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။

Source : Eleven


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.