Wednesday, 08 May 2019 03:37

 

cycle1.png

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး တောင်းဆိုရန်အတွက် လူထုဆန္ဒလက်မှတ်ကောက်ယူမှုတစ်ရပ်ကို မေ ၅ ရက်က တောင်ဒဂုံမြို့နယ်တွင် Peace Bike Tour အဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

အခြားပြည်နယ်နဲ့တိုင်းတွေမှာ ဆိုင်ကယ် စီးခွင့်ပေးတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တောင်းတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင်က ရာဇဝတ်မှုထူပြောမှာစိုးလို့ဆိုပြီး ပြောပါတယ်။ ဆိုင်ကယ်စီးတဲ့ လူတစ်ယောက်ရာဇဝတ်မှုကျူးလွန်တာနဲ့ ကျွန်တော်တို့ဆိုင်ကယ်စီးတဲ့လူတွေအကုန်လုံးကို လက်ညှိုးထိုးတာတော့ ကျွန်တော်တို့ လက်မခံပါဘူး ဟု အဆိုပါအဖွဲ့မှ ကိုမင်းသွေးသစ်က ပြောဆိုခဲ့သည်။

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိ

နိုင်ငံတော်အခွန်အခများပိုမိုရရှိရန်၊ ဆိုင်ကယ်စီးနင်းသူများ ဥပဒေနှင့်အညီ စည်းကမ်းပြည့်ဝစွာစီးနင်းခွင့်ရရှိရန်နှင့် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုအခြေအနေအရ မြို့တွင်း ၆ မြို့နယ် ပြင်ပရှိ မြို့နယ်များတွင် တရားဝင်လိုင်စင်ဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပေးရန် ရည်ရွယ်၍ ယခုလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

Source : The Myanmar Times


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.