Tuesday, 07 May 2019 10:28

ywb1.jpg

ရန်ကုန်မှာ လည်စရာနေရာတွေကုန်ပြီး ကားတွေကကြပ်တာကြောင့် တစ်နေရာနဲ့ တစ်နေရာသွားရတာအဆင်မပြေဖြစ်နေရင် ညနေစောင်းလေးမှာ ရန်ကုန်မြစ်ကြီးထဲ Yangon Water Bus စီးရင်း နေ၀င်ချိန်လည်းကြည့် လေညှင်းလေးခံပြီး၊ တွေးချင်ရာတွေး ၊ ငေးချင်ရာငေးရင်း weekend လေးကို အချိန်ကုန်လို့ ရသေးတယ်နော်။

ခရီးစဉ်ကြာချိန်ကတော့ ညနေ ၅း၀၀ တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး ၆း၃၀ ခန့်တွင် ပြန်လည်ဆိုက်ကပ်မှာဖြစ်တဲ့အပြင် ခရီးစဉ် အတွင်း အချိုရည် နှင့် သွားရည်စာမုန့်များ စားသုံးနိုင်မည့် အစီအစဉ် လည်း ပါရှိမှာဖြစ်ပါတယ်။

လျှပ်စစ်မီးပြတ်၍ ဆန်စက်မလည်နိုင်ခြင်းကြောင့် ဆန်ကုန်သည်အချို့အခက်တွေ့နေ

ခရီးသည်တစ်ဦးလျှင် ၃၀၀၀ ကျပ်နှင့် နိုင်ငံခြားခရီးသွားတွေအတွက်က ၅၀၀၀ ကျပ်တို့ ဖြစ်ပြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင်လည်း ကိုယ်တိုင်သွားရောက်ဝယ်ယူနိုင်ကာ Booking တင်ရန် ဖုန်းနံပါတ် 09952553777, Viber ဖုန်းနံပါတ် 09694572748 သို့ နံနက် ၇ နာရီမှ ညနေ ၅:၃၀ အတွင်း ဆက်နိုင်ပါတယ်။

ရုံးဖွင့်ရက်တွေမှာဆိုရင် မနက် ၇ နာရီကနေ ည ၇ နာရီထိရောင်းပေးပြီးတော့ ရုံးပိတ်ရက်မှာ ၀ယ်မယ်ဆိုရင်တော့ cruise မထွက်ခင် ၄၅ မိနစ်လောက်ကြိုဝယ်ရပါတယ်။

စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ ခရီးမထွက်ဖြစ်တဲ့သူတွေ၊ သူငယ်ချင်းတွေစုပြီး ဘယ်သွားရမှန်းမသိတာတို့ဆို သိပ်ကိုအဆင်ပြေပြီး မြို့ ပြရဲ့ မွန်းကျပ်မှုကနေ ခဏတာ ရုန်းထွက်ခွင့်ရတာမို့  သွားစီးကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။


Read times Last modified on Tuesday, 07 May 2019 11:03
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.