Tuesday, 07 May 2019 03:09

 

 

dog.jpg

ခွေးလေခွေးလွင့် မျိုးပွားမှုထိန်းချုပ်ရေး ရှေ့ပြေးစီမံချက်ကို လှိုင်မြို့နယ်တွင် မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်မည်ဖြစ်သည်။ ထိုစီမံချက်ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့နှင့် ထိုင်းနိုင်ငံမှ Mission Rabies, WVS (Worldwide Veterinary Service) အဖွဲ့တို့ ပူးပေါင်း၍ မေလ ၁၀ ရက်မှ ၁၈ ရက်အထိ လှိုင်မြို့နယ်ရှိ ခွေးအကောင်ရေ ၅၀၀ ကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်းနှင့် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ဆောင်ရွက်မည် ဖြစ် သည်။

‘‘အခုဟာက ၂၀၁၄ တုန်းက ရန်ကုန်မှာ ခွေးခုနစ်သောင်းရှိတယ်။ ၂၀၁၈ ရောက်တော့ ခွေးတစ်သိန်းနဲ့လေးသောင်းဖြစ်တယ်။ တစ်ဆတိုးသွားတယ်။ အကယ်၍ မျိုးပွားမှုကိုမထိန်းချုပ်ပဲ အကန့်အသတ်မရှိတိုးနေမယ်ဆိုပါက တစ်ချိန်ကျရင် ဒီပြဿနာက အရမ်းကြီးလာမှာပေါ့’’ဟု မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်း(ဗဟို)ဒုဥက္ကဋ္ဌကပြောသည်။

စီမံချက်ပြုလုပ်မည့်နေရာသည် ဘုရင့်နောင်လမ်းရှိ ရွှေပိတောက်ငါးဈေးအနီး ပညာရေးမှူးရုံး အဟောင်းတွင်ဖြစ်ကာ နံနက် ၈ နာရီမှ ၅ နာရီအထိ ဖြစ် သည်။

‘‘အကုန်လုံးက အခမဲ့။ သူတို့နှစ်ဖွဲ့က လာလုပ်ပေးတာ။ ကျွန်တော်တို့ကငွေမကုန်ဘူး။ ကျွန်တော်တို့က၀ိုင်းကူပေးရတာပဲ ရှိမယ်။ နေရာထိုင်ခင်းစီစဉ်မယ်။ လာတာလည်း သူ့ဟာသူသူတို့စရိတ်နဲ့ သူလာတာ။ ဆေးတွေလည်းယူလာတာ။ ကျွန်တော်တို့က လှိုင်မြို့နယ်မှာ စလုပ်လိုက်ပြီးတော့ ဒီပရောဂျက်ရဲ့အောင်မြင်မှုကိုမှ စစ်တမ်းပြန်ထုတ်ပြီးတာနဲ့ ရန်ကုန်တစ်တိုင်းလုံးကို သူတို့က လုပ်ချင်တာပါ။ ဒီနေ့ ဒုတိယမြို့တော်ဝန်နဲ့ သွားတွေ့ဖို့ရှိတယ်။ သွားတွေ့ပြီးတော့မှ နောက်လုပ်မယ့်အစီအစဉ်တွေကို ဆက်သွားမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းကပြောသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွက်ချက်မှုအရ နိုင်ငံတစ်ဝန်းတွင် ခွေးအကောင်ရေ ၃ ဒသမ ၈သန်း ရှိသည်။ ၂၀၁၈က ခွေးကိုက်ခံရမှု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစာရင်းများ၌ ဖော်ပြထားသည်။

Source : 7daydaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.