Monday, 06 May 2019 09:41

 

satmulatmu

 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ စက်မှုလက်မှုသိပ္ပံကျောင်းကို ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောဆိုသည်။

မေ ၃ရက်ကကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၏ ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင်ဖွင့်လှစ်ပေးမည်ကိုသိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

"ဒလမြို့နယ်အတွင်းမှာ မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပူးပေါင်းစီစဉ်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒလမှာ နည်းပညာသိပ္ပံတစ်ခုဆောက်လုပ်ဖို့အတွက် မြေနေရာရရှိမှုဆုံးဖြတ်ပြီးဖြစ်ကြောင်းနှင့်စက်မှုလက်မှုသင်တန်းကျောင်းအဆင့်သာမကဘဲ သိပ္ပံအဆင့်သင်ကြားနိုင်မယ့် ဒလစက်မှုလက်မှုသိပ္ပံအတွက် မြေနေရာလည်း မနေ့ကပဲရရှိပြီး ဖြစ်တဲ့အတွက် ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ်မှာပဲ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်" ဟုဒုတိယဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့၏ ပြောကြားချက်အရ ဒလမြို့နယ်၌ ပေါ်ပေါက်လာမည့်စက်မှုနယ်မြေတွင် စက်မှု လက်မှုသိပ္ပံကျောင်းအတွက် လျာထားမြေ ဧက ၂၀ ခန့်ရှိသည်ဟုသိရကြောင်း ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

ထို့အပြင် "စီးပွားရေးကျပ်တည်းမှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ ကျောင်းထွက်ခဲ့ရတဲ့လူငယ်တွေအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာတွေသင်ပေးဖို့ အထူး လိုအပ်နေတဲ့မြို့နယ် ဖြစ်ပါတယ်။ ဒါမှသာ အခွင့်အရေးဆုံးရှုံးနေတဲ့ လူငယ်တွေဟာ လမ်းမှားမရောက်မှာဖြစ်ပါတယ်" ဟုလည်း ပြောထားပါတယ်။

Source : Myanmar Times


Read times Last modified on Monday, 06 May 2019 10:16
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.