Monday, 06 May 2019 03:51

train.jpg

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် မေလ ၃ ရက်ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Repid Transit-YUMRT) အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut-off Date)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(MOTC)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ(YRG)နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့သည် ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT)ကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းစီမံကိန်းတွင် ရန်ကုန်မြို့၊ အရှေ့အနောက် ဆက်သွယ်သွားလာနိုင်မည့် ရထားလမ်းကြောင်း၏အပိုင်း(၁)(လှိုင်သာယာ-ပါရမီ)လမ်းပိုင်းအရှည် (၁၈) ကီလိုမီတာကို ကနဦးတည်ဆောက်မည်ဖြစ်သည်။ လမ်းကြောင်းမှာ လှိုင်သာယာ ဘူတာမှစတင်ပြီး ရန်ကုန် ပုသိမ်လမ်းအတိုင်းလှိုင်မြစ်ကိုဖြတ်ကျော်၍ ပါရမီလမ်းအတိုင်းပါရမီဘူတာအထိဖြစ်ပါသည်။

လိုအပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် (၂၉)မီတာနှင့်ပါရမီလမ်းတစ်လျှောက်တွင် (၂၂)မီတာဖြစ်ပါသည်။ ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) ဆောင်ရွက်ရာတွင် ရထားလမ်းတစ်လျှောက် အကျိုးသက်ရောက်မည့် နေရာများမှာ လှိုင်သာယာဘူတာပရဝုဏ်အတွင်း YUMRT ယာဒ်ဝင်းတည်ဆောက်ရန်အတွက် (၅၄.၃၆)ဧက (၂၂)
|ဟတ်တာ၊ ရန်ကုန်-ပုသိမ် လမ်းတစ်လျှောက်တွင် ရထားလမ်း၏အလယ်မျဉ်းမှ တစ်ဘက်တစ်ချက်စီ (၁၄.၅)မီတာအကျယ်၊ ပါရမီလမ်းတစ်လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဘက်တစ်ချက်စီ (၁၁)မီတာ အကျယ်ဖြစ်သည်။

YUMRT စီမံကိန်းဆောင်ရွက်ရာတွင် အထက်ပါစီမံကိန်းဧရိယာအတွင်းမြေသိမ်းဆည်းရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်မည့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြန်လည်နေရာချထားရေး ပံ့ပိုးမှုများပေးအပ်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့အား အကျုံးဝင်သည့်နောက်ဆုံးရက်စွဲ Cut-off Date(COD)အဖြစ် တရားဝင်ထုတ်ပြန် ကြေညာလိုက်သည်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းမူဝါဒနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ ချမှတ်ထားသော စံနှုန်းများနှင့်အညီ ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ကာလသည် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို စစ်တမ်းကောက်ယူမည့် လျာထားကာလဖြစ်ပါသည်။ COD နေ့ရက်သည် အထက်ဖော်ပြပါ မူဝါဒစံနှုန်းများနှင့်အညီ စစ်တမ်းကောက်ယူမည့် ပထမဆုံးနေ့ရက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

COD နေ့ရက်နောက်ပိုင်း နယ်မြေအတွင်း တည်ရှိနေသော အဆောက်အဦများကို ပြုပြင် တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အဦအသစ် တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချ ခြင်းများအတွက် မြေယာလျော်ကြေးနှင့် ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေးပံ့ပိုးမည့်အစီအစဉ်များရရှိခံစားနိုင်မည်မဟုတ်ကြောင်း အသိပေးကြေညာခဲ့သည်။

Ref: Yangon City Development Committee


Read times Last modified on Monday, 06 May 2019 04:45
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.