Friday, 26 April 2019 07:03

mm_china.jpg

 

ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ပေကျင်းကို မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ချက်နိုင်ငံသမ္မတ၊ ချီလီသမ္မတ၊ မလေးရှားဝန်ကြီးချုပ်အစရှိတဲ့ နိုင်ငံအသီးသီးက ထိပ်တန်းခေါင်းဆောင်တွေ ရောက်ရှိနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မနေ့ညနေပိုင်းက ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲမှ အဓိကအားဖြင့် မြန်မာပြည်သူတွေလိုလားနေသော မြစ်စုံအရေး ဦးစားပေးပြောဆိုခဲ့ပါတယ်။

မနေ့ညနေပိုင်းကတော့ တရုတ်သမ္မတ မစ္စတာရှိကျင့်ဖျင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံသီးသန့်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ ပိုးလမ်းမစီမံကိန်း ခေါင်းစဉ်အောက်ကနေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံရေး၊ ပြည်သူတွေ မလိုလားတဲ့ မြစ်ဆုံရေကာတာကို မတည်ဆောက်ရေး အစရှိတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ပြည်သူတွေလက်ရှိအချိန်မှာ မြစ်ဆုံရေကာတာမတည်ဆောက်ဖို့အရေး တစ်ဦးလျှင်(၁)ဒေါ်လာစီဆိုက်ပြီး မြစ်ဆုံကို ပြန်ရွေးဖို့လုပ်နေကြောင်း၊နိုင်ငံကတက်သိပညာရှင်တွေကလည်း မလုပ်ဖို့တောင်းဆိုနေကြောင်း၊ မြန်မာလူမျိုးတို့ရဲ့ အသက်နှလုံးဖြစ်သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုလိုကြောင်း ပြောကြားခဲ့ရာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ပြည်သူတစ်ရပ်လုံးထောက်ခံပြီး ဖြစ်လာသော လက်ရှိမြန်မာအစိုးရကို ကူညီဖို့အသင့်ရှိကြောင်း၊ မြစ်ဆုံရေကာတာကို မလုပ်ဖို့ပြောပြီးတက်လာခဲ့သည့် အစိုးရလက်ထက်မှာ ပြန်လုပ်မယ်ဆိုရင် နိုင်ငံရေးသိက္ခာကျပြီး လူထုထောက်ခံမှုကျဆင်းသွားမှာကို မလိုလားကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူကထောက်ခံသော လက်ရှိအစိုးရ ပြန်လည်ဖြစ်တာမြင်ချင်တာကြောင့် ဒီပြောကြားချက်ကိုသဘောတူကြောင်း၊ မိမိလက်ထက်မှာ ဒါကို လုပ်လို့ရတာဖြစ်တဲ့အတွက် သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြစ်ဆုံရေကာတာဖျက်သိမ်းရေးလက်မှတ်ရေးထိုးရေးကို ဒေါ်အောင်ဆန်းစုကြည်မပြန်ခင်တစ်ရက်ရက်မှာ ရေးထိုးပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ Belt and Road ဒုတိယအကြိမ်မြောက်ဖိုရမ်ကို ၂၅က်နေ့ ဧပြီလ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

Source: Burmese.Asia


Read times Last modified on Friday, 26 April 2019 07:24
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.