Thursday, 18 April 2019 05:17

ygn_hospital.jpg

 

ယခုနှစ်သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၈၀ဝ နီးပါး လာရောက်ကုသခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဧပြီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူနာ ၇၈၇ ဦးကုသရ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)တွင် တက်ရောက်ခဲ့သည့် လူနာ ၁၄၅ ဦး၊ ဧပြီ ၁၄ ရက်(သင်္ကြန်အကျနေ့)တွင် တက်ရောက်ခဲ့သည့် လူနာ ၂၀၆ ဦး၊ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် တက်ရောက်သည့်လူနာ ၂၀၄ ဦး၊ ဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့)တွင် တက်ရောက်သည့်လူနာ ၂၃၂ ဦး ဖြစ်ပြီး စုစုပေါင်းလူနာ ၇၈၇ ဦးရှိခဲ့ကာ လာရောက်ကုသသူအများဆုံးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်ကြောင်း သိရပါတယ်။


နှစ်ဦးသေဆုံး

ယင်းတို့အနက် နှစ်ဦးသေဆုံးကာ လေးဦးမှာ သေဆုံးပြီးမှရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ယာဉ်မတော်တဆမှုကြောင့်ဟုဆို

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်းကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ စုစုပေါင်း လူနာ ၇၀၈ ဦးတက်ရောက်ကုသခဲ့ရပြီး ယာဉ်မတော်တဆမှုကြောင့် တက်ရောက်သူအများဆုံးဖြစ်ကြောင်း သိရသည်။


ယခင်နှစ်ထက်ပိုမိုများပြား

ထို့ကြောင့် ယခုနှစ်သင်္ကြန်တွင် အရေးပေါ်ဌာနသို့တက်ရောက်ကုသသူမှာ ယခင်နှစ်ထက် ပိုမိုများပြားခဲ့တာကို တွေ့ရပါတယ်။

Source: Myanmar Times


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.