Wednesday, 10 April 2019 03:59

mingalar_bus3.jpg


သင်္ကြန်ကာလအတွင်း ရေပတ်ခံထွက်ရန် ရေပတ်ခံကားဖြင့် Mingalar Bus မှ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်က သတင်းရရှိထားပါတယ်။

“ရေပတ်ခံထွက်တယ်ဆိုတာကတော့ ပြည်တွင်းက လူတွေအတွက်မဆန်းတော့ပါဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေက မှန်လုံကားနဲ့ ထွက်ခွင့်ရှိတယ်။ ကျွန်တော်တို့က ရေပတ်ခံထွက်တယ်ဆိုတဲ့ အရသာကို သူတို့ကိုပေးချင်တယ်။ ရေပတ်ခံထွက်ရာမှာလည်း ထိုင်ခုံနဲ့ သေသေချာချာနဲ့ သက်တောင့်သက်သာလေး ၀န်ဆောင်မှုးလေးရှိတယ်ဆိုတာပြချင်တဲ့အတွက် ဒီအစဉ်အစဉ်လေးကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု Mingalar Bus မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုမျိုးသက်နိုင် က ပြောပါတယ်။

mingalar_bus.jpg

အဆိုပါ Mingalar Bus ၏ ရေပတ်ခံကားကို အကြိုနေ့မှ အတက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကမ္ဘာအေးဘုရားလမ်းပေါ်နှင့် ရန်ကုန်၏ အစည်ကားဆုံးမဏ္ဍပ်များရှိရာနေရာဖြစ်သည့် ပါရမီလမ်း၊ ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ကို ရေပက်ခံထွက်မည်ဖြစ်ပြီး အင်းယားလမ်းရှိ လမ်းလျှောက်သင်္ကြန် နှင့် မြကျွန်းသာသင်္ကြန်တို့ကို ၀င်ရောက်ဆင်နွှဲနိုင်မည်ဟုလည်း သိရပါတယ်။

mingalar_bus2.jpg

Mingalar Bus ၏ ရေပတ်ခံကားတွင် လူဦးရေ ၃၂ ဦးအထိ စီးနင်းနိုင်မည်ဖြစ်ပြီး လက်မှတ်ခများအနေဖြင့် အကြိုနေ့အတွက်၂ သောင်းခွဲကျပ်၊ အကျနေ့နှင့် အကြတ်နေ့အတွက် ၃သောင်းခွဲကျပ်နှင့် အတက်နေ့အတွက် ၅ သောင်းကျပ်ကျသင့်မည်ဟု သိရပါတယ်။

Mingalar Bus ကို ရန်ကုန်အပြင် အထင်ရှားဆုံးမြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဘုရားပုထိုးများနှင့် နေ၀င်ချိန်ရှုခင်းများကိုကြည့်နိုင်ရန် ပုဂံတွင်လည်း ၀န်ဆောင်မှုပေးနေသည်ဟု သိရပါတယ်။

Source: Pyi Myanmar
Photo: Mingalar Bus FB


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.