Tuesday, 09 April 2019 10:16

 ygn_bus.jpg

 

၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများ ၊ အဝေးပြေးယာဉ်လိုင်းများ ၊ ရန်ကုန်မြို့ပတ်ရထား နှင့် အထူးရထားပြေးဆွဲမည့်အစီအစဉ်များအား ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ပို့ဆောင်ရေးလုပ်ငန်းကော်မတီမှ ယနေ့တွင် အသိပေးကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့နေပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ စီမံမှုဖြင့် ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်း ၇၃ လိုင်း ၊ ယာဉ်စီးရေ ၉၇၃ စီး ပုံမှန် ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲသွားမည်ဟု ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားဝင်းမှ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်လိုင်းများသည် ဧပြီ ၈ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ဧပြီ ၉ ရက်မှ ၁၆ ရက် အထိ အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်း မှ ရန်ကုန်တိုင်းဒေသကြီးအခြေပြုယာဉ် လိုင်း ၈ လိုင်း ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်အခြေပြုယာဉ်လိုင်း ၆ လိုင်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားဝင်းမှ ရန်ကုန် တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၁ လိုင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အခြေပြု ယာဉ်လိုင်း ၄ လိုင်းတို့သည် ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများအတွက် ရန်ကုန်- ပုသိမ်၊ ရန်ကုန်-ဝါးခယ်မ-မော်ကျွန်း၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-ဖျာပုံ-ဘိုကလေး၊ ရန်ကုန်-ဓနုဖြူ ခရီးစဉ်များသို့ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်များဖြင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အင်အားဖြည့်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေ စေရေးအတွက် ရန်ကုန်-မန္တလေး အစုန်/အဆန် သင်္ကြန် အထူးရထားများကို ဧပြီ ၈ ရက်မှ ၁၃ ရက်အထိ နှင့် သင်္ကြန် အပြီး ဧပြီ ၁၇ ရက်မှ ၁၉ ရက် အထိ လည်းကောင်း၊ ဝန်ထမ်းအထူးရထားများအဖြစ် နေပြည်တော် – ရန်ကုန် ခရီးစဉ်ကို ဧပြီ ၁၂ ရက်တွင်လည်းကောင်း၊ ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို ဧပြီ ၁၇ ရက်တွင် လည်းကောင်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရပြီး သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထားတွဲဆိုင်း ၈ ဆိုင်းဖြင့် ရထားစီးရေ ၉၀ ကို နေ့စဉ် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲမည့် YBS ခရီးသည်တင် ယာဉ်လိုင်းများနှင့် မြန်မာ့မီးရထားမှ ခရီးစဉ်များကို ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲသွားမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအခြေပြု ၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေပြုယာဉ်လိုင်း များသည် ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)မှစ၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်မှစ၍ ယာဉ်လိုင်း အားလုံး ပုံမှန်အတိုင်းပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့ပါတယ်။

Source : Current News


Read times Last modified on Tuesday, 09 April 2019 11:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.