Monday, 08 April 2019 08:01

ygn_weekend_market.jpg

 

တိုင်းအစိုးရညွှန်ကြားမှုအရ ဆောင်ရွက်ပြီး စနေ၊ တနင်္ဂနွေ တွင်သာဖွင့်လှစ်မည့် ရန်ကုန် Weekend Market ကို မေလတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရနှင့် လုပ်ကိုင်ခွင့်ရ Golden Market Myanmar ကုမ္ပဏီက ဧပြီ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုပ်ကိုင်ခွင့်ရကုမ္ပဏီဟာ တိုင်းအစိုးရကို တင်ဒါကြေး ကျပ် သိန်း ၃၀၀ ကျော်ပေးသွင်း၍ တစ်နှစ်လုပ်ကိုင်ခွင့်ရမည်ဖြစ်ပြီး နိုင်ငံခြားခရီးသွားများအားဆွဲဆောင်ရန် ဦးတည်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။

အဆိုပါဈေးကို ပန်းဆိုးတန်းလမ်းနှင့် ဘဏ်လမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များ၌ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီ အထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု Golden Market Myanmar ကုမ္ပဏီဒါရိုက်တာ ဒေါ်မေမြတ်အောင် ကပြောပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ထိုဈေးတွင် ဆိုင်ခန်း ၇၈ ခန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဆိုင်တစ်ဆိုင် ရောင်းကြေးကျပ် ၂၅,၀၀၀ ပေးရမည်ဟု ၎င်းကဆိုပါတယ်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က အဓိကကတော့ နိုင်ငံခြားသားတွေ သွားပြီးလည် ပတ်လို့ရတဲ့နေရာတခုအဖြစ်နဲ့ Bangkok Night Market လိုမျိုးဖြစ်အောင်ဆိုပြီး အဆင့်မီမီလေးနဲ့ ဘီယာဆိုင်လေး ၄ ဆိုင်လောက်ပါမယ်။ အစားအသောက်ဆိုရင်လည်း လုံးဝ standard ပြည့်ပြည့်လေးတွေနဲ့ နာမည်ရှိပြီးသား စားသောက်ဆိုင်လေးတွေပါမယ်ပေါ့။ အဓိကတိုင်းရင်းသားအစားအစာတွေလည်း ပါမှာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် အဖျော်ယမကာ ရောင်းခွင့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အရက်ရောင်းချခွင့်လိုင်စင်ကို သီးသန့်ထုတ်ပေးမည်ဟု နော်ပန်းသဉ္ဇာမျိုး ကပြောထားပါတယ်။

Source: 7DayDaily

 


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.