Friday, 28 December 2018 08:54

    ၂၀၁၉ ခုနှစ် ဆီးဂိမ်းမှာတော့ Dota 2, NBA 2K, Tekken 7 နဲ့ Hearthstone တို့ကို eSports အနေနဲ့ ထည့်သွင်းပြီးတော့ ရွှေတံဆိပ်ဆုချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

    ဒါဟာ eSports အနေနဲ့ ပထမဆုံး medal event တစ်ခုအဖြစ် traditional sports ပြိုင်ပွဲမှာ ထည့်သွင်းခံရခြင်းလည်းဖြစ်ပါတယ်။

    အစက ဂိမ်းပလက်ဖောင်းတွေဖြစ်တဲ့ console, pc နဲ့ mobile တို့ကနေ အားကစားနည်းနှစ်မျိုးစီထည့်သွင်းဖို့အတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် မိုဘိုင်းဂိမ်းတွေကိုတော့ နောက်ပိုင်းမှာပြန်လည်ဖြုတ်ချခဲ့ပါတယ်။

    အခုအချိန်အထိ ဆီးဂိမ်းကျင်းပရေးတာဝန်ခံတွေဆီက ဘာ official ကြေငြာချက်မှမထုတ်ပြန်သေးပေမယ့်လည်း

    ပြိုင်ပွဲကိုလက်ခံကျင်းပမယ့် ဖိလစ်ပိုင်နိင်ငံရဲ့ မီဒီယာစာမျက်နှာတွေပေါ်မှာတော့ သတင်းတွေက ပလူပြန်နေခဲ့ပါပြီ။

    ဒါပေမယ့် အဖွဲ့အစည်းနဲ့နီးစပ်သူတွေကတော့ ဒါဆုံးဖြတ်ချက်ဟ အတည်မဟုတ်သေးပဲ လာမယ့်ရက်ပိုင်းအတွင်းမှာတော့ official announcement ကို ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

    Tekken 7 နဲ့ NBA 2K က Console အတွက်ဖြစ်ပြီး Dota 2 နဲ့ Hearthstone ကတော့ PC အတွက်ပါ။

    Mobile Legend အနေနဲ့ ပထမဆုံးပါဝင်ခွင့်ရတဲ့ဂိမ်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြားဂိမ်းအမျိုးအစားတွေကိုနေရာပေးနိင်ဖို့အတွက် ပြန်လည်ဖြုတ်ချခြင်းခံခဲ့ရပါတယ်။

    Dota 2, NBA 2K, Tekken 7 နဲ့ Hearthstone တို့ကို အမျိုးသားတွေယှဉ်ပြိုင်ရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ Dota 2 နဲ့ Hearthstone ကိုပဲ ကစားခွင့်ရမှာပါ။

    ဒီဆီးဂိမ်းကိုလာရောက်ကြမယ့် eSports အသင်းတွေအားလုံးဟာ Qualifier တွေကစားရမှာဖြစ်ပြီး ဘယ်နာမည်ကြီးအသင်းကိုမှ Direct Invite လုပ်သွားမှာမဟုတ်ပါဘူး။

    The Philippines South East Asian Games Organizing Committee (PhilSGOC) အနေနဲ့ ဖိလစ်ပိုင်အိုလံပစ်ကော်မတီနဲ့ နာမည်ကျော် Gaming Hardware ကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer နဲ့လက်တွဲပြီးတော့ eSports ကို SEA Games ဆီကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

    Razer ရဲ့ Chief Strategy officer ဖြစ်တဲ့ Limeng Lee က “ဒီအပြောင်းအလဲဟာ SEA မှာရှိတဲ့ eSports အားကစားသမားတွေကို ကမ္ဘာ့အဆင့်ကို မြှင့်တင်ပေးနိင်လိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

    eSports ဟာ 2018 Asian Games မှာပါဝင်ခဲ့ပြီးဖြစ်ပေမယ့် သရုပ်ပြအားကစားအနေနဲ့သာပါဝင်ခဲ့ပြီး medal event အနေနဲ့တော့ ပါဝင်ခွင့်မရခဲ့ပါဘူး။

    ဒါကြောင့်မလို့ တစ်စစနဲ့ အခွင့်အလမ်းတွေပွင့်လာတဲ့ eSports လောကရေစီးကြောင်းမှာ ကျွန်တော်တို့မြန်မာနိင်ငံကလည်း လိုက်ပါစီးမျောကြပါစို့လားဗျာ။

    Author - Realman


    Read 30 times Last modified on Friday, 28 December 2018 09:04
    Rate :
    (5 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.