Saturday, 22 December 2018 05:51

    PlayerUnknown’s Battlegrounds (PUBG) ရဲ့ မိုဘိုင်း ဗားရှင်းကို ကစားသူများဟာ သန်း ၂၀၀ ကျော်လာပြီး Fortnite ကို ရင်ဘောင်တန်းလာနိုင်ပါပြီလို့ ကုမ္ပဏီက The Verge ကို ပြောပါတယ်။

     

    အဲဒီ ဂိမ်းနှစ်ခုစလုံးကို နေ့စဉ် ကစားသူ အရေအတွက်ဟာ သန်း ၃၀ ၀န်းကျင် ရှိနေပါပြီ။

    PUGB ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဂိမ်း အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

    Fortnite ကတော့ သြဂုတ်လမှာ သူ့ရဲ့ ဂိမ်းကို Google Play Store ကနေ ဖြုတ်ချခဲ့ပြီး သူကိုယ်တိုင် ဖြန့်ချီပေးခဲ့ပါတယ်။

    အဲဒီအတွက် သူဟာ Google Play Store မှာသာ ဆက်ရှိနေရင် ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ဂိမ်းဟာ သူဖြစ်ခဲ့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

    Bloomberg က Fortnite ကို ကစားသူ သန်း ၂၀၀ ရှိပြီလို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

    ဒါပေမယ့် PUBG ကို ကစားသူ အရေအတွက်ထဲမှာ တရုတ်မှ လူများကို ထည့်မတွက်ထားပါဘူး။

    တရုတ်မှ အရေအတွက်ကိုသာ ထည့်တွက်မယ်ဆိုရင် PUBG ဟာ Fortnite ထက် ကစားသူများသွားနိုင်ပါတယ်။

    ဒါ့အပြင် ဂိမ်းစက်နဲ့ ပီစီ များအတွက် ထုတ်လုပ်ထားတဲ့ PUBG ကစားသူများအား ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။

    တရုတ်မှာ ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ ဂိမ်းစက်များကို ပိတ်ပင်ထားတာပါ။ လက်ရှိမှာတော့ တရုတ်မှ လူအများစုဟာ ဂိမ်းစက်များအစား မိုဘိုင်းနဲ့ပီစီဂိမ်းများကို ပိုကစားကြပါတယ်။

    Source : DigitalTimes


    Read 30 times Last modified on Saturday, 22 December 2018 06:00
    Rate :
    (5 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.