Tuesday, 11 February 2020 10:46

53425543_2094175177342025_6113445677348421632_o.jpg

ေမာစ္ေကာ့ကြၽန္း ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာကို ၁၉၂၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕ႏွင့္ ေလာင္းလုံၿမိဳ႕နယ္၊ တနသၤာရီတိုင္းေဒသႀကီးအတြင္းတြင္ တည္ရွိသည္။

ေတာင္၊ ေျမာက္၊ အလယ္ ေမာစ္ေကာ့ကြၽန္းမ်ားကို ေပါင္းစည္း၍ ေဘးမဲ့ေတာအျဖစ္ တည္ေထာင္ထားျခင္းျဖစ္ၿပီး အက္ဒမန္ပင္လယ္၏ ေျမာက္ဘက္တြင္တည္ရွိသည္။

အက်ယ္အဝန္းမွာ စတုရန္းကီလိုမီတာအားျဖင့္ ၄၉.၁၈ စတုရန္းကီလိုမီတာ ရွိသည္။

Read more >>> ေဆာင္းခိုငွက္၊ ေရေပ်ာ္ငွက္မ်ားကို ေလ့လာႏိုင္မယ့္ ရန္ကုန္ၿမိဳ႕နားက မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာ

ေက်ာက္ေဆာင္၊ ေက်ာက္တုံးမ်ားေပါမ်ားေသာ ကြၽန္းမ်ားမွတပါး က်န္ေဒသမ်ားကို အၿမဲစိမ္းေတာ ၇၅ ရာခိုင္းႏႈန္း ဖုံးလႊမ္းထားသည္။

ေက်ာက္ေဆာင္ ေက်ာက္ဂူမ်ားေပါမ်ားေသာ ကြၽန္းမ်ားတြင္ ဇီဝဇိုးငွက္(Collocalia fuciphaga) အသိုက္မ်ားျပဳလုပ္ၾကၿပီး ငွက္သိုက္မ်ားသည္ စီပြားေရးေဈးကြက္အရ ဝယ္ယူလိုမႈ အလြန္ျမင့္မားသည္။

ေမာင္းမကန္ကြၽန္း(အလယ္ကြၽန္း)သည္ တပ္မေတာ္(ေရ)၏ ကာကြယ္မႈေအာက္တြင္ ရွိေနေသာ္လည္း ဇီဝဇိုးငွက္သိုက္မ်ားကို အလြန္အမင္း ခြာယူ(ထုတ္ယူ)မႈမ်ား ျမင့္မားေနသည္။ ထို႔ျပင္ ေရျပင္သယံဇာတ သုံးစြဲမႈမ်ားကလည္း ျမင့္မားေနသည္။ ခရီးသြားမ်ားကို ကြၽန္းထိ လာေရာက္လည္ပတ္ျခင္းကို ကန႔္သတ္ထားသည္။

အလယ္ေမာစ္ေကာ့ကြၽန္း၏ ေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ တည္ရွိသည့္ ေမာင္းမကန္ကမ္းေျခသည္ ျမန္မာႏိုင္ငံရွိ လည္ပတ္သြားလာမႈမ်ားေသာ ကမ္းေျခထဲမွ တစ္ခုျဖစ္ကာ ခရီးသြားမ်ားၾကားတြင္ ေရပန္းစားလွသည္။ ထားဝယ္ၿမိဳ႕ေတာင္ဘက္ ၁၅ကီလိုမီတာအကြာတြင္ တည္ရွိသည္။

Read more >>> ဧရာဝတီ လင္းပိုင္မ်ားအပါအဝင္ ပင္လယ္လိပ္ႀကီးမ်ား ဥ, ဥခ်ျခင္းကို ေလ့လာႏိုင္မည့္ မိန္းမလွကြၽန္း ေဘးမဲ့ေတာ

Source Wiki

Zawgyi

ဇီဝဇိုးငှက်သိုက်များကြောင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းကို ကန့်သတ်ထားသည့် မောစ်ကော့ကျွန်း

မောစ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။

တောင်၊ မြောက်၊ အလယ် မောစ်ကော့ကျွန်းများကို ပေါင်းစည်း၍ ဘေးမဲ့တောအဖြစ် တည်ထောင်ထားခြင်းဖြစ်ပြီး အက်ဒမန်ပင်လယ်၏ မြောက်ဘက်တွင်တည်ရှိသည်။

အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာအားဖြင့် ၄၉.၁၈ စတုရန်းကီလိုမီတာ ရှိသည်။

ကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်း ဖုံးလွှမ်းထားသည်။

ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။

မောင်းမကန်ကျွန်း(အလယ်ကျွန်း)သည် တပ်မတော်(ရေ)၏ ကာကွယ်မှုအောက်တွင် ရှိနေသော်လည်း ဇီဝဇိုးငှက်သိုက်များကို အလွန်အမင်း ခွာယူ(ထုတ်ယူ)မှုများ မြင့်မားနေသည်။ ထို့ပြင် ရေပြင်သယံဇာတ သုံးစွဲမှုများကလည်း မြင့်မားနေသည်။ ခရီးသွားများကို ကျွန်းထိ လာရောက်လည်ပတ်ခြင်းကို ကန့်သတ်ထားသည်။

အလယ်မောစ်ကော့ကျွန်း၏ ရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံရှိ လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။ ထားဝယ်မြို့တောင်ဘက် ၁၅ကီလိုမီတာအကွာတွင် တည်ရှိသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.