Monday, 27 January 2020 04:39

National-Museum.png

ရန္ကုန္အမ်ိဳးအသားျပတိုက္ကို ၁၉၅၂ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ႔ျပီး အမွတ္ (၆၆/၇၄) ၊ ျပည္လမ္း၊ ဒဂံုျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕မွာ တည္ရွိပါတယ္။အခုဆိုရင္ အမ်ိဳးသားျပတိုက္ရဲ႕ သက္တမ္းဟာ ၆၈ ႏွစ္ ရွိပါျပီ။

အမ်ိဳးသားျပတိုက္မွာ ျမန္မာ႔သမိုင္းနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ျပကြက္မ်ားကို ျပသထားျပီး အထပ္ (၅) ထပ္နဲ႔ ဖြဲ႔စည္းတည္ေဆာက္ထားပါတယ္။ ေျမညီထပ္ (ပထမထပ္) မွာ "ျမန္မာ့အကၡရာနဲ႔လက္ေရးမူျပခန္း" ရွိပါတယ္။

feature.jpg

ဒီျပခန္းမွာ ျမန္မာဗ်ည္းအကၡရာမ်ား၊ ပ်ဴ၊ ပုဂံ၊ အင္းဝ၊ ေတာင္ငူေခတ္က စဥ့္ကြင္း႐ုပ္ႂကြစာေတြ၊ ပ်ဴေခတ္ ေက်ာက္အိုးထြင္းစာေတြ၊ AD ဆယ့္တစ္ရာစုနဲ႔ ဆယ့္သုံးရာစုက အုတ္ခြက္စာေတြ၊

ေက်ာက္စာထြင္းထားတဲ႔ ပန္းပု႐ုပ္ေတြ၊ ဆယ့္ရွစ္ရာစုက မြန္ေခါင္းေလာင္းစာေတြ၊ ကုန္းေဘာင္ေခတ္စာေပက ေၾကးကမၼဝါေတြ၊ ထန္း႐ြက္နဲ႔ ျပဳလုပ္ထားတဲ့ စာခြၽန္ေတာ္ေတြကို ျပသထားပါတယ္။

>>>ေလွာ္ကားဥယ်ာဥ္ကို သြားေရာက္လည္ပတ္မယ္ဆိုရင္ ဘာေတြေရွာင္ၾကဥ္သင့္သလဲ?

ဒါ့အျပင္ ေ႐ႊဥေဒါင္း၊ ဦးဖိုးက်ား၊ ဦးဥတၱမ၊ ဦးဘခ်ိဳ၊ သခင္ကိုယ္ေတာ္မႈိင္း၊ ဒဂုန္ေ႐ႊမွ်ား၊ ကာတြန္းဦးဘဂ်မ္း၊ ဒဂုန္ခင္ခင္ေလး အပါအဝင္ ယေန႔ေခတ္စာေရးဆရာမ်ားရဲ႕ လက္ေရးမႈမ်ားကို ခ်ိတ္ဆြဲျပသထားပါေသးတယ္။

eain_kyi.jpg

ေရွးေခတ္အဆက္ဆက္က ဘုရင္ေတြအသံုးျပခဲ႔တဲ႔ ပလႅင္ေတာ္ပံုတူေတြ၊ နန္းတြင္းေတြမွာ ထားရွိခဲ႔တဲ႔ အသံုးအေဆာင္ေတြ၊ နန္းတြင္းပုရပိုဒ္ေတြ၊ ဆင္စြယ္နဲ႔လုပ္ထားတဲ႔ ကမၼဝါေတြ၊ ျမန္မာ့စစ္တုရင္၊ ဒဂၤါးျပား၊ ေငြစာက်ည္ေတာက္၊ ဆင္စြယ္႐ိုးတပ္ေငြဓားလြယ္၊ ေစာ္ဘြားဝတ္စုံ၊ ေဝါထမ္းယာဥ္ စသည္တို႔ကို ဗဟုသုတရစြာ ေလ႔လာႏိုင္မွာ ျဖစ္ပါတယ္။

>>>ဝိတိုရိယပန္းျခံလို႔ ေခၚဆိုခဲ႔ၾကတဲ႔ မဟာဗႏၶဳလပန္းျခံအေၾကာင္း တေစ႔တေစာင္း

ဒုတိယထပ္မွာေတာ႔ "ျမန္မာ့သမိုင္းတင္ေခတ္ျပခန္း" ရွိပါတယ္။ ဒီျပခန္းမွာေတာ႔ ပ်ဴေစာထီး၊ က်န္စစ္သား၊ အေနာ္ရထာမင္းနဲ႔ ေလာကနတ္႐ုပ္ထုေတြကို ျပသထားပါတယ္။

 

ပ်ဴေခတ္က အသံုးျပဆင္ယင္ခဲ႔ၾကတဲ႔ ပုတီးေရာင္စံုေတြ၊ ဗိႆႏိုးေက်ာက္အ႐ိုးအိုးေတြ၊ အိုးျခမ္းပဲ့အသုံးအေဆာင္ပစၥည္းေတြ၊ တိရိစာၦန္အ႐ိုးအပိုင္းအစေတြ၊ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြကို ျပသထားပါတယ္။

tu_yi_yar.jpg

တတိယထပ္မွာေတာ႔ တူရိယာျပခန္းရွိပါတယ္။ စိန္ေဗဒါနဲ႔ မိေခ်ာင္းပုံတူရိယာအပါအဝင္ ျမန္႔မာ႔တူရိယာမ်ိဳးစံုကို ေတြ႕ျမင္ႏိုင္မွာ ျဖစ္ပါတယ္။ ေရွးေခတ္ ဇာတ္မင္းသားေတြရဲ႕ ဝတ္စံုေတြ၊ သူတို႔ရဲ႕ အသံုးအေဆာင္ပစၥည္းေတြ၊ ႏြားလွည္းယာဥ္တပ္ထားေသာအိမ္ အပါအဝင္ ေရွးေခတ္ရိုးရာ အိမ္သံုးပစၥည္းမ်ားကိုပါ ျပသထားပါတယ္။

စတုတၳထပ္မွာေတာ႔ ပန္းခ်ီးျပခန္းရွိျပီး အင္းဝေခတ္ကစလို႔ ေခတ္အဆက္ဆက္က ပန္းခ်ီလက္ရာေတြအျပင္ ျမန္မာ႔ထင္ရွားေသာ ပန္းခ်ီဆရာမ်ားရဲ႕ လက္ရာေတြကိုလည္း ေတြ႕ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

ပၪၥမထပ္ (ေနာက္ဆံုး) ထပ္မွာေတာ႔ ဗုဒၶဝင္ျပခန္းရွိျပီး ဘုရားဆင္းတုေတာ္ေတြနဲ႔ ဗုဒၶဝင္ပန္းခ်ီတခ်ိဳ႕ကို ေတြ႕ျမင္ရမွာပါ။ ဒါ့အျပင္ "တိုင္းရင္းသားေက်း႐ြာျပခန္း"နဲ႔ အာဆီယံျပခန္းကိုလည္း ေလ႔လာႏိုင္မွာ ျဖစ္ပါတယ္။

oooo.jpg

အမ်ိဳးသားျပတိုက္ကိုလာရင္ေတာ႔ ဝင္ေၾကး (၅၀၀) က်ပ္သာ က်သင့္မွာပါ။ အမ်ိဳးသားျပတိုက္ကိုလာရင္ ပါလာတဲ႔ပစၥည္းေတြကို ထည္႔ဖို႔အတြက္ locker ေပးထားျပီး ဓာတ္ပံုရိုက္ႏိုင္ေသာ ပစၥည္းမ်ားကိုေတာ႔ ယူေဆာင္လာျခင္း ခြင့္ျပဳမွာ မဟုက္ပါဘူး။

ျပတိုက္ဖြင့္ခ်ိန္ - နံနက္ ၉:၃၀ မွ ညေန ၄:၃၀ နာရီ အထိ
ျပတိုက္ပိတ္ရက္ - တနလၤာေန႔ ႏွင့္ ျပန္ထမ္းဝင္႐ုံးပိတ္ရက္မ်ား

Psyche (My Yangon)

Ref; wiki

(Unicode)

အမျိုးသားပြတိုက်(ရန်ကုန်)မှာ ပြသထားတဲ့ မြန်မာ့ယဉ်ကျေးမှုပစ္စည်းများအကြောင်း

ရန်ကုန်အမျိုးအသားပြတိုက်ကို ၁၉၅၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အမှတ် (၆၆/၇၄) ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။အခုဆိုရင် အမျိုးသားပြတိုက်ရဲ့ သက်တမ်းဟာ ၆၈ နှစ် ရှိပါပြီ။

အမျိုးသားပြတိုက်မှာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များကို ပြသထားပြီး အထပ် (၅) ထပ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ မြေညီထပ် (ပထမထပ်) မှာ "မြန်မာ့အက္ခရာနဲ့လက်ရေးမူပြခန်း" ရှိပါတယ်။

ဒီပြခန်းမှာ မြန်မာဗျည်းအက္ခရာများ၊ ပျူ၊ ပုဂံ၊ အင်းဝ၊ တောင်ငူခေတ်က စဉ့်ကွင်းရုပ်ကြွစာတွေ၊ ပျူခေတ် ကျောက်အိုးထွင်းစာတွေ၊ AD ဆယ့်တစ်ရာစုနဲ့ ဆယ့်သုံးရာစုက အုတ်ခွက်စာတွေ၊

ကျောက်စာထွင်းထားတဲ့ ပန်းပုရုပ်တွေ၊ ဆယ့်ရှစ်ရာစုက မွန်ခေါင်းလောင်းစာတွေ၊ ကုန်းဘောင်ခေတ်စာပေမှာက ကြေးကမ္မဝါတွေ၊ ထန်းရွက်နဲ့ ပြုလုပ်ထားတဲ့ စာချွန်တော်တွေကို ပြသထားပါတယ်။

ဒါ့အပြင် ရွှေဥဒေါင်း၊ ဦးဖိုးကျား၊ ဦးဥတ္တမ၊ ဦးဘချို၊ သခင်ကိုယ်တော်မှိုင်း၊ ဒဂုန်ရွှေမျှား၊ ကာတွန်းဦးဘဂျမ်း၊ ဒဂုန်ခင်ခင်လေး အပါအဝင် ယနေ့ခေတ်စာရေးဆရာများရဲ့ လက်ရေးမှုများကို ချိတ်ဆွဲပြသထားပါသေးတယ်။

ရှေးခေတ်အဆက်ဆက်က ဘုရင်တွေအသုံးပြခဲ့တဲ့ ပလ္လင်တော်ပုံတူတွေ၊ နန်းတွင်းတွေမှာ ထားရှိခဲ့တဲ့ အသုံးအဆောင်တွေ၊ နန်းတွင်းပုရပိုဒ်တွေ၊ ဆင်စွယ်နဲ့လုပ်ထားတဲ့ ကမ္မဝါတွေ၊ မြန်မာ့စစ်တုရင်၊ ဒင်္ဂါးပြား၊ ငွေစာကျည်တောက်၊ ဆင်စွယ်ရိုးတပ်ငွေဓားလွယ်၊ စော်ဘွားဝတ်စုံ၊ ဝေါထမ်းယာဉ် စသည်တို့ကို ဗဟုသုတရစွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယထပ်မှာတော့ "မြန်မာ့သမိုင်းတင်ခေတ်ပြခန်း" ရှိပါတယ်။ ဒီပြခန်းမှာတော့ ပျူစောထီး၊ ကျန်စစ်သား၊ အနော်ရထာမင်းနဲ့ လောကနတ်ရုပ်ထုတွေကို ပြသထားပါတယ်။

ပျူခေတ်က အသုံးပြဆင်ယင်ခဲ့ကြတဲ့ ပုတီးရောင်စုံတွေ၊ ဗိဿနိုးကျောက်အရိုးအိုးတွေ၊ အိုးခြမ်းပဲ့အသုံးအဆောင်ပစ္စည်းတွေ၊ တိရိစ္ဆာန်အရိုးအပိုင်းအစတွေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ပြသထားပါတယ်။

တတိယထပ်မှာတော့ တူရိယာပြခန်းရှိပါတယ်။ စိန်ဗေဒါနဲ့ မိချောင်းပုံတူရိယာအပါအဝင် မြန့်မာ့တူရိယာမျိုးစုံကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ရှေးခေတ် ဇာတ်မင်းသားတွေရဲ့ ဝတ်စုံတွေ၊ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ နွားလှည်းယာဉ်တပ်ထားသောအိမ် အပါအဝင် ရှေးခေတ်ရိုးရာ အိမ်သုံးပစ္စည်းများကိုပါ ပြသထားပါတယ်။

စတုတ္ထထပ်မှာတော့ ပန်းချီးပြခန်းရှိပြီး အင်းဝခေတ်ကစလို့ ခေတ်အဆက်ဆက်က ပန်းချီလက်ရာတွေအပြင် မြန်မာ့ထင်ရှားသော ပန်းချီဆရာများရဲ့ လက်ရာတွေကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ပဉ္စမထပ် (နောက်ဆုံး) ထပ်မှာတော့ ဗုဒ္ဓဝင်ပြခန်းရှိပြီး ဘုရားဆင်းတုတော်တွေနဲ့ ဗုဒ္ဓဝင်ပန်းချီတချို့ကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် "တိုင်းရင်းသားကျေးရွာပြခန်း"နဲ့ အာဆီယံပြခန်းကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားပြတိုက်ကိုလာရင်တော့ ဝင်ကြေး (၅၀၀) ကျပ်သာ ကျသင့်မှာပါ။ အမျိုးသားပြတိုက်ကိုလာရင် ပါလာတဲ့ပစ္စည်းတွေကို ထည့်ဖို့အတွက် locker ပေးထားပြီး ဓာတ်ပုံရိုက်နိုင်သော ပစ္စည်းများကိုတော့ ယူဆောင်လာခြင်း ခွင့်ပြုမှာ မဟုက်ပါဘူး။

ပြတိုက်ဖွင့်ချိန် - နံနက် ၉:၃၀ မှ ညနေ ၄:၃၀ နာရီ အထိ
ပြတိုက်ပိတ်ရက် - တနင်္လာနေ့ နှင့် ပြန်ထမ်းဝင်ရုံးပိတ်ရက်များ


Read times Last modified on Thursday, 06 February 2020 04:17
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.