Friday, 08 November 2019 06:59

Kyaikhtiyoe-Natural-Reserve-600-X-400.jpg

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတည်ရှိပြီး ၁၅၆.၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်း ပါတယ်။

၁၉၉၈ ခုနှစ်မှာ ဘေးမဲ့တောအဖြစ် အဆိုတင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တောရိုင်းတိရစ္ဆာန်များကို စောင့်ရှောက်ရန် ရည်ရွယ်ပြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အမြဲစိမ်းတော၊ ရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်) တောအမျိုးအစားဖြစ်ပြီး ကျားသစ်၊ ဆီးရိုးတောဆိတ် (Serow) ၊ တောင်ဆိတ်နီ(Red Goral)နဲ့ ကျားစတဲ့ တောရိုင်းတိရစ္ဆာန်များအပြင် တခြားသော တိရစ္ဆာန်များစွာ မှီတင်းနေထိုင်ကြပါတယ်။ တခါတရံ ကျားသစ်များကိုလည်းတွေ့ရတက်ပြီး အကောင်အရေအတွက် သတ်မှတ်ထားခြင်း မရှိပါ။

>>>မွန်ပြည်နယ်မှာရှိတဲ့ ကေလာသ တောရိုင်းတိစ္ဆာန်ဘေးမဲ့တောအကြောင်း

ရန်ကုန်တက္ကသိုလ်က ၂၀၀၅မှာ သစ်ခွနဲ့ ရင်ကောတ်ပင်များအကြောင်း၊ ၂၀၀၈ မှာ ဝါးတောတွင် ကျင်လည်ကျတ်စားသော ကြွက်များအကြောင်း နဲ့ မြန်မာငှက်ဝါသနာရှင်အသင်း(Myanmar Birds and Nature Society) က ငှက်များကိုစာရင်းကောတ်ယူခြင်း၊

ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီက ကုန်းနေရေနေသတ္တဝါများကို စာရင်းကောတ်ယူခြင်းစတဲ့ သုတေသန လုပ်ငန်းတွေကို ဒီတောမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်ကနေ ကားဖြင့်သွားရင် မိုင်(၁၂၀) မောင်းနှင်ရုံနဲ့ ရောက်ရှိနိုင်ပြီး ကျိုက်ထီးရိုးစေတီတော်ကြီးနဲ့ နီးတာကြောင့် နိုင်ငံခြားသားများနဲ့ ဒေသတွင်းဘုရားဖူး ခရီးသွားဧည့်သည်များ လာရောက်လှည့်ပတ်လေ့ရှိကြပါတယ်။

>>>မြန်မာနိုင်ငံရဲ့ ဘေးမဲ့တောတစ်ခုဖြစ်တဲ့ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အဓိက ခြိမ်းခြောက်နေသာအန္တရာယ်များကတော့ လူနေအိမ်ရာများအတွက် ဝါးခုတ်ခြင်းများ၊ စားသောက်၊ရောင်းချရန်အလိုငှာ ချေ၊ (ဂျီ)နဲ့ တောဝက်တို့ကို သတ်ဖြတ်ခြင်းတို့ဟာ ဘေးမဲ့တောအတွက် စိုးရိမ်စရာပါ။

နွေရာသီမှာ တောမီးများ လောင်တက်ခြင်းကလည်း နောက်ထပ်ထိုးနှက်နေတဲ့ အန္တရာယ်တစ်ရပ် ဖြစ်ပါတယ်။


Read times Last modified on Friday, 08 November 2019 07:40
Rate :
(0 votes)

2 comments

  • Macie Schwartzkopf
    Comment Link

    Very soon this site will be famous amid all blogging users, due to it's good content|

    Sunday, 08 December 2019 09:30 posted by Macie Schwartzkopf
    Report
  • Javier Noonan
    Comment Link

    I think what you posted was actually very logical. However, what about this? suppose you typed a catchier post title? I mean, I don't wish to tell you how to run your blog, however what if you added a headline that makes people want more? I mean BLOG_TITLE is a little boring. You could peek at Yahoo's home page and note how they create news headlines to get people to open the links. You might try adding a video or a pic or two to get people interested about what you've written. Just my opinion, it would make your posts a little livelier.|

    Saturday, 23 November 2019 23:56 posted by Javier Noonan
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.