Tuesday, 08 October 2019 04:35

WangariMaathai.jpg






Psyche

(Unicode)

ဒီနေ့ဟာ အာဖရိကန်အမျိုးသမီး Wangari Maathai ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် နိုဘယ်ဆုချီးမြှင့်ခဲ့တဲ့ နေ့ပဲ ဖြစ်ပါတယ်။

Wangari Maathai ကို ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ပေးအပ်ခဲ့ပြီး နိုဘယ်ဆိုရရှိတဲ့ ကမ္ဘာ့ပထမဆုံး အာဖရိကန်အမျိုးသမီး ဖြစ်ပါတယ်။

Maathai က ၁၉၇၇ ခုနှစ်မှာ Green Belt Movement အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။

Maathai ဟာ အာဖရိကမှာ သစ်ပင်ပေါင်း ၃၀ မီလီယံကျော် စိုက်ပျိုးခဲ့ပြီး အမျိုးသမီး ၉ သိန်းနီးပါး ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။

Maathai က Nobel Peace Prize, Right Livelihood Award နဲ့ World Citizenship Award စတဲ့ ဆုတွေအပြင် တခြားသော ဆုများစွာ ရရှိထားသူ ဖြစ်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.