Monday, 07 October 2019 04:44

 

simon-cowell-american-idol-.jpg

ဒီနေ့ဟာ American နိုင်ငံရဲ့ ထူးခြားတဲ့ Talent ပြိုင်ပွဲများမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် တင်ဆက်နေတဲ့ Simon Cowell ရဲ့ အသက် (၆၀)ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။


၁၉၈၀ခုနှစ် ကနေ ၁၉၉၀ ခုနစ်အထိ သီချင်းထုတ်လုပ်သူအဖြစ် အနုပညာလမ်းကြောင်းပေါ် စတင်ခဲ့ပြီးWestlife, One Direction နဲ့  CNCO စတဲ့ Boy Band တွေကို ပရိုဂျူဆာလုပ်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။



(Unicode)

ဒီနေ့ဟာတော့ American နိုင်ငံရဲ့ ထူးခြားတဲ့ Talent ပြိုင်ပွဲများမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် တင်ဆက်နေတဲ့ Simon Cowell ရဲ့ အသက် (၆၀)ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။

သူ့ရဲ့ နာမည်အရင်း အပြည့်အစုံက Simon Philip Cowell ဖြစ်ပြီး Simon ကို ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ Lambeth မြို့တွင် မွေးဖွားခဲ့ပါတယ်။

၁၉၈၀ခုနှစ် ကနေ ၁၉၉၀ ခုနစ်အထိ သီချင်းထုတ်လုပ်သူ အဖြစ် အနုပညာလမ်းကြောင်းပေါ်စတင်ခဲ့ဲ့ပြီး Westlife, One Direction နဲ့ CNCO စတဲ့ Boy Band တွေကို ပရိုဂျူဆာလုပ်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ဖျော်ဖြေရေးအစီအစဉ် တင်ဆက်သူ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ၂၀၀၁ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး American Idol, The X Factor နဲ့ America's Got Talent စတဲ့ ပြိုင်ပွဲတွေမှာ ဒိုင်လူကြီးအနေနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၀၄၊ ၂၀၁၀ ခုနှစ်မှာ Time မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး လူ အယောက် (၁၀၀) ထဲတွင် ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Hollywood Walk of Fame မှာ ကြယ်ပွင့် ပေးအပ်ခြင်းခံခဲ့ရပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.