Saturday, 05 October 2019 04:41
katewinslet_1.jpg
သူ့ရဲ့နာမည်အပြည့်အစုံက Kate Elizabeth Winslet ဖြစ်ပြီး Kate ကို ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Reading မြို့တွင် မွေးဖွားခဲ့ပါတယ်။
Psyche
(Unicode)
အသက် (၄၄) နှစ်ပြည့် သွားပြီးဖြစ်တဲ့ Titanic မင်းသမီး Kate Winslet
ဒီနေ့ဟာ ကမ္ဘာကျော် Titanic မင်းသမီး Kate Winslet ရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။
သူ့ရဲ့နာမည်အပြည့်အစုံမှာ Kate Elizabeth Winslet ဖြစ်ပြီး Kate ကို ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Reading မြို့တွင် မွေးဖွားခဲ့ပါတယ်။
Kate ဟာ Redroofs Theatre School မှာ သရုပ်ဆောင်ပညာကို စတင်သင်ယူခဲ့ပြီး အသက် ၁၅ နှစ်မှာ Dark Season ဆိုတဲ့ တီဗွီစီးရီးနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။
>>>ဟောလီးဝုဒ် ရွှေခေတ်ရဲ့ လင်းလက်နေဆဲ ကြယ်ပွင့် Sophia Loren
၁၉၉၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Sense and Sensibility ဇာတ်ကား နဲ့ BAFTA Award ကို ပထမဆုံး စတင်ရရှိခဲ့ပါတယ်။
Kate ကို ကမ္ဘာကျော်စေခဲ့တာကတော့ ၁၉၉၇ ခုနှစ်မှာ ပြသခဲ့တဲ့ Titanic ဇာတ်ကားဖြစ်ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကြောင့် Kate ဟာ Oscar ဆုရဲ့ စကာတင်စာရင်း ဝင်ခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။
Kate မှာ Oscar, Primetime Emmy Award,Grammy, Critics'Choice Movie Award, AACTA Award တွေအပြင် BAFTA ဆု (၃)ခု၊ Golden Globe Award ဆု (၄)ခု၊ Screen Actors Guild Award (၃)ခု နဲ့ Empire Award (၄) ခု စတဲ့ ဆုပေါင်းများစွာရရှိထာပြီး ဖြစ်ပါတယ်။
>>>အဆိုရော သရုပ်ဆောင်ပါ တော်တဲ့ Will Smith ရဲ့ အနုပညာဖြတ်သန်းမှု
Kate ဟာ အမေရိကန် ရုပ်ရှင်လောက ရဲ့ သရုပ်ဆောင်ဆုကြီး (၄)ဆု မှ (၃)ဆု ကို ရရှိထားတဲ့ မင်းသမီးတစ်လက် လည်းဖြစ်ပါတယ်။
Read times
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.