Friday, 04 October 2019 11:12

festadeinonni2018_doodlegoogle.jpg





1537981789_086231_1537981873_noticia_normal.jpg




 

(Unicode)

တစ်ခါတစ်လေ Google ရဲ့ Logo မှာ ကာတွန်းပုံဖော်ရုပ်ပုံတွေ ပြောင်းနေတတ်တာကို မြင်တွေ့ကြမှာပါ။


အဲ့ဒီ ကာတွန်းပုံဖော်ရုပ်ပုံတွေကို Google က နိုင်ငံများနဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ်နေ့ရက်များ၊ နှစ်ပတ်လည်နေ့ရက်များ၊ ကမ္ဘာကျော် အနုပညာရှင်များ၊ တီထွင်ဖန်တီးတဲ့ သိပ္ပံပညာရှင်တွေအတွက် အမှတ်တရအနေနဲ့ ဂုဏ်ပြုဖော်ပြပေးလေ့ ရှိပါတယ်။

>>>၁၃ နှစ်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ WikiLeaks သတင်းဝက်ဆိုဒ်

အစောပိုင်းမှာ ကာတွန်းပုံဖော်တာတွေက ဟာသပုံစံ ဖြစ်နေခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးအတွက် အထိမ်းအမှတ်နဲ့ အမှတ်တရများကို ဖော်ပြပေးနိုင်တဲ့အထိ အရေးပါခဲ့ပါတယ်။

ပထမဆုံးပြုလုပ်ခဲ့တဲ့ ကာတွန်းရုပ်ပုံက ၁၉၉၈ ခုနှစ်၊ သြဂုတ်လ မှာ Burning Man Festival အတွက်ဖြစ်ပြီး Google ၏ ပူးတွဲတည်ထောင်သူ (၂) ဦးဖြစ်တဲ့ Larry က အကြံပေးပြီး Sergey က ပုံဖော်ခဲ့တာဖြစ်ပါတယ်။

>>>၂၁ နှစ်ကြာ အောင်မြင်နေဆဲဖြစ်တဲ့ Google

အခုဆိုရင် Google မှာ ကာတွန်းရုပ်ပုံ ရေးဆွဲဖို့အတွက် အဖွဲ့ ပြုလုပ်ထားပြီး တစ်နှစ် ကို ပျှမ်းမျှ ပုံပေါင်း ( ၄၀၀၀ ) ခန့် ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် အသုံးပြုသူများထံက ဒီဇိုင်းအကြံပြုချက်များကိုလည်း Email ကတစ်ဆင့် လက်ခံလျက် ရှိနေပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.