Friday, 04 October 2019 04:44

70499788 2356062601325540 3395274932861534208 n

Zawgyi Version

ကိုလိုနီေခတ္ ၁၉၂၀ ခုႏွစ္ကတည္းက တည္ေဆာက္ခဲ့သည့္ ျမန္မာ့ရုပ္ရွင္သမိုင္းျပတိုက္သည္ လာမည္႔ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ ႏွစ္ ( ၁၀၀ ) ျပည့္ေတာ႔မည္ ျဖစ္သည္။

အဆိုပါ ႏွစ္ ( ၁၀၀ ) ျပည့္ အခမ္းအနားကို ျမန္မာနိုင္ငံ ရုပ္ရွင္အစည္းအရံုး ဝင္းအတြင္းတြင္ တည္ရွိေသာ ျမန္မာ႔ရုပ္ရွင္သမိုင္းျပတိုက္တြင္ က်င္းပျပဳလုပ္သြားမည္ ျဖစ္ကာ ျပတိုက္အေဆာက္အအံုကို ယခုႏွစ္ ေအာက္တိုဘာလကုန္အျပီး ျပန္လည္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္လ်က္ ရွိသည္။

ထို႔ျပင္ အခမ္းအနား ေအာင္ျမင္စြာ က်င္းပနိုင္ေရးအတြက္ ျမန္မာနိုင္ငံ ရုပ္ရွင္အစည္းအရံုးမွ ေအာက္တိုဘာလကုန္တြင္ ေကာ္မတီတစ္ရပ္ ဖြဲ႔စည္းသြားမည္ ျဖစ္ျပီး ပါဝင္ျပသလိုသည့္ ရုပ္ရွင္မ်ားကိုလည္း ဖိတ္ေခၚသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္ပခရီးသြားမ်ား ၾကိဳက္နွစ္သက္သည့္ ရန္ကုန္ျမိဳ႕က လက္ေဆာင္ပစၥည္း ( ၁၀ ) ခု

အခမ္းအနားက်င္းပမည့္ ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ ျမန္မာ႔ရုပ္ရွင္သမိုင္းျပတိုက္ကို ဖြင့္ေပးထားမည္ ျဖစ္ကာ ျမန္မာ့ရုပ္ရွင္ သမိုင္းေၾကာင္း မွတ္တမ္းမ်ားႏွင့္ ရုပ္ရွင္ရိုက္ကူးရာတြင္ အသံုးျပဳေသာ ဖလင္ႏွင့္ ကင္မရာ၊ ဗီဒီယိုမ်ား စသည္တို႔ကို ျပသထားမည္ ျဖစ္သည္။

ျမန္မာ႔ရုပ္ရွင္သမိုင္းတြင္ ပထမဦးဆံုး ရံုတင္ ျပသခဲ႔ေသာ ရုပ္ရွင္မွာ “ ေမတၱာႏွင့္ သူရာ “ ဆိုသည့္ရုပ္ရွင္ဇာတ္ကားျဖစ္ျပီး နည္းပညာ၊ ကၽြမ္းက်င္မႈႏွင့္ စက္ပစၥည္းကိရိယာမ်ား ခ်ိဳ႕တ႔ဲသည့္ၾကားမွ ၂ ႏွစ္ၾကာ ၾကိဳးပမ္း ရုိက္ကူးခဲ႔ရသည့္ ဇာတ္ကားတစ္ကား ျဖစ္သည္။

ထိုရုပ္ရွင္တြင္ ပါဝင္ခဲ့ေသာ မင္းသား၊ မင္းသမီးမ်ားမွာလည္း မိတ္ကပ္၊ ႏႈတ္ခမ္းနီတို႔ကဲ့သုိ႔ ေခတ္မီ အလွျပင္ပစၥည္းမ်ား၊ မီးထိုးမွန္ထိုးမ်ား မရွိသည္႔ၾကားမွ ၾကိဳးစား သရုပ္ေဆာင္ခဲ့ၾကရျခင္း ျဖစ္သည္။

Android ေရာ iOS မွာပါ ယူနီကုတ္ အလြယ္တကူေျပာင္းနိုင္မယ့္ နည္း ( ၇ ) နည္း

ရုပ္ရွင္သမိုင္းျပတိုက္ ၂၅ ႏွစ္ျပည့္ ေငြရတုအထိမ္းအမွတ္ကို ၁၉၄၅ ခုႏွစ္တြင္ လည္းေကာင္း၊ ႏွစ္ ၅၀ ျပည့္ ေရႊရတုအထိမ္းအမွတ္ကို ၁၉၇၀ ခုႏွစ္တြင္ လည္းေကာင္း၊ ၇၅ ႏွစ္ျပည့့္ စိန္ရတုအထိမ္းအမွတ္ကိုလည္း ၁၉၉၅ ခုႏွစ္တြင္ လည္းေကာင္း စဥ္ဆက္မျပတ္ က်င္းပခဲ႔ၾကသည္။

Su Mon Oo

==============

Unicode Version

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက် နှစ် ( ၁၀၀ ) ပြည့်ကို လာမည့်နှစ် အောက်တိုဘာတွင် ကျင်းပမည်

ကိုလိုနီခေတ် ၁၉၂၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်သည် လာမည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ် ( ၁၀၀ ) ပြည့်တော့မည် ဖြစ်သည်။

အဆိုပါ နှစ် ( ၁၀၀ ) ပြည့် အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်းအတွင်းတွင် တည်ရှိသော မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ပြတိုက်အဆောက်အအုံကို ယခုနှစ် အောက်တိုဘာလကုန်အပြီး ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အောက်တိုဘာလကုန်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ပါဝင်ပြသလိုသည့် ရုပ်ရှင်များကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကျင်းပမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဖွင့်ပေးထားမည် ဖြစ်ကာ မြန်မာ့ရုပ်ရှင် သမိုင်းကြောင်း မှတ်တမ်းများနှင့် ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုသော ဖလင်နှင့် ကင်မရာ၊ ဗီဒီယိုများ စသည်တို့ကို ပြသထားမည် ဖြစ်သည်။

မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဦးဆုံး ရုံတင် ပြသခဲ့သော ရုပ်ရှင်မှာ “ မေတ္တာနှင့် သူရာ “ ဆိုသည့်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နည်းပညာ၊ ကျွမ်းကျင်မှုနှင့် စက်ပစ္စည်းကိရိယာများ ချို့တဲ့သည့်ကြားမှ ၂ နှစ်ကြာ ကြိုးပမ်း ရိုက်ကူးခဲ့ရသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

ထိုရုပ်ရှင်တွင် ပါဝင်ခဲ့သော မင်းသား၊ မင်းသမီးများမှာလည်း မိတ်ကပ်၊ နှုတ်ခမ်းနီတို့ကဲ့သို့ ခေတ်မီ အလှပြင်ပစ္စည်းများ၊ မီးထိုးမှန်ထိုးများ မရှိသည့်ကြားမှ ကြိုးစား သရုပ်ဆောင်ခဲ့ကြရခြင်း ဖြစ်သည်။

ရုပ်ရှင်သမိုင်းပြတိုက် ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ကို ၁၉၄၅ ခုနှစ်တွင် လည်းကောင်း၊ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်ကို ၁၉၇၀ ခုနှစ်တွင် လည်းကောင်း၊ ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ကိုလည်း ၁၉၉၅ ခုနှစ်တွင် လည်းကောင်း စဉ်ဆက်မပြတ် ကျင်းပခဲ့ကြသည်။

Su Mon Oo


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.