Thursday, 12 September 2019 09:05

58

 

ဒီနေ့ဟာ Fast and Furious ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အမေရိကန် Top Star သရုပ်ဆောင်မင်းသား Paul Walker ရဲ့ ( ၄၆ ) နှစ်ပြည့် မွေးနေ့ပါ။

Paul ကို ၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ပါတယ်။

သေဆုံးချိန်မှာ အသက် ( ၄၀ ) ပဲ ရှိသေးပြီး သူသာ အသက်ဆက်ရှင်နေဦးမယ်ဆိုရင် ဒီနေ့ သူ့ရဲ့ မွေးနေ့ကို မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ  ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှာပါ။

>>> TV & Film Directors in Yangon

၇ ကြိမ်မြောက် ဇာတ်ကားဖြစ်တဲ့ " Furious 7 " ကို ရိုက်ကူးလက်စနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပြီး ညီဖြစ်သူ Cody Beau Walker က Paul ကိုယ်စား ဇာတ်လမ်းပြီးဆုံးအောင် ဆက်လက် ရိုက်ကူးပေးခဲ့ပါတယ်။

" Furious 7 " ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ See you again “ ဆိုတဲ့ သီချင်းဟာလည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိခဲ့ပါတယ်။  

Read More >>> Mike ရဲ့ စွန့်စားမှုများကို မြင်တွေ့ရမယ့် Angel Has Fallen

အမေရိကန် Rapper အဆိုတော် Wiz Khalifa နဲ့ Charlie Puth တို့က Paul အတွက် သီဆိုထားတာဖြစ်ပြီး Paul ကို လွမ်းဆွတ်ဖွယ် ပြန်လည် အမှတ်ရစေပါတယ်။

ဒီ “ See you again “ သီချင်းဟာ Youtube မှာ လူကြည့်အများဆုံး စာရင်းမှာ ပါဝင်ခဲ့ပြီး ကြည့်ရှုသူဦးရေ ၂.၈၉၄ ဘီလီယံတောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

Su Mon Oo


Read times Last modified on Thursday, 12 September 2019 09:38
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.