Wednesday, 22 May 2019 10:31

motorcycle_1.jpg

ငြိမ်းချမ်းရေးဆိုင်ကယ်စီးခရီးစဉ်၏ မှတ်တမ်းဓာတ်ပုံပြပွဲကို မေလ၂၅ ရက် ညနေ ၆နာရီမှ ၁၀နာရီအတွင်း ရန်ကုန်အင်တာနေရှင်နယ် ဟိုတယ်ဝင်းထဲရှိ Coriander Leaf စားသောက်ဆိုင်ခန်းမ၌ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ပြပွဲ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးအတွက် ပြည်သူများဘက်ကပါဝင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူထားလိုသောကြောင့်ဖြစ်ပြီး ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေးအတွက် ပြည်သူများဘက်က ဆက်လက်ပါဝင်လာစေရန်ဖြစ်ကြောင်းလည်း သိရသည်။

"အဲဒီပွဲမှာ ဖြတ်သန်းခဲ့တဲ့ဒေသက ပြည်သူတွေရဲ့ နေထိုင်မှုပုံစံတွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ပျော်ရွှင်စွာကြိုဆိုကြတဲ့ပုံတွေ၊ ငြိမ်းချမ်းရေးဆိုင်ကယ်သမားတွေရဲ့အခက်အခဲတွေ၊ ငြိမ်းချမ်းရေးဆိုင်ကယ်စီးသူတွေရဲ့ ဓာတ်ပုံတွေကို အဲဒီပြပွဲမှာ ပြထားမှာဖြစ်ပါတယ်" ဟုငြိမ်းချမ်းရေးဆိုင်ကယ်ခရီးနှင်သူတစ်ဦးဖြစ်သည့် ကိုနိုင်ဦးကပြောသည်။

ထီထိုးဖို့ စဉ်းစားနေတယ်ဆိုရင် ဒါတွေသိပြီးပြီလား

ယင်းပြပွဲအပြင် Humanity Festival အမည်ဖြင့် HipHop ၊ Rock ၊ Dj (freeshow) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တေးသံရှင်စောဖိုးခွား နှင့် အခြာuးnderground အဆိုရှင်များလည်း လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ဆိုင်ကယ်အစီးပေါင်း ၁၀၀ ခန့် ရှိနေမည်ဖြစ်ကြောင်းလည်း သိရသည်။

ငြိမ်းချမ်းရေး ဆိုင်ကယ်စီးခရီးစဉ်များကို ပြီးခဲ့သည့် နှစ်လခန့် က မြို့ပေါင်း ၅၀ ကျော်တွင် ခရီးနှင်ခဲ့ကြဖူးကြောင်း သိရသည်။

Source : Pyi Myanmar


Read 67 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.