Thursday, 09 May 2019 08:07

ygn_int_ap.jpg

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အဆင့်မြင့်ရေဒါနှင့်အထောက်အကူပြုပစ္စည်းများ တပ်ဆင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆင့်မြင့်ရေဒါစက်များနှင့် အထောက်အကူပြုပစ္စည်းများ တပ်ဆင်ရန် ဂျပန်နိုင်ငံမှထောက်ပံ့ငွေယန်း ၂၈၄၈ သန်း (အမေရိကန်ဒေါ်လာ ၂၅ သန်း)ကျော် ကုန်ကျခံတပ်ဆင်မည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ် ပထမသုံးလအတွင်း အဆိုပါရေဒါစက်များ တပ်ဆင်မှုပြီးစီးနိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးရဲထွဋ်အောင်က ပြောသည်။

"လက်ရှိသုံးနေတဲ့ ရေဒါတွေက စစ်ဘက်ဆိုင်ရာလေယာဉ်တွေကို မဖမ်းနိုင်ဘူး။ အဲဒီတော့ လေကြောင်းစနစ်က ထိန်းလို့မရဘူး။ စစ်တပ်ကလေယာဉ်တွေလေကျင့်တဲ့အခါ အရပ်ဘက်စီးပွားရေးလေယာဉ်တွေကို အတက်အဆင်းလုပ်မယ့် အချိန်နဲ ပြန်ညှိနေရတာတွေရှိတယ်။ အခုတပ်ဆင်မယ့်စက်တွေက စစ်ဘက်ရော အရပ်ဘက်လေယာဉ်တွေရော ထိန်းနိုင်တာဖြစ်လို့ လေကြောင်းထိန်းစနစ်တွေပိုကောင်းလာမယ်။လေယာဉ်တွေအတက်အဆင်းပိုလုပ်လာနိုင်မယ်"ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် Secondary Surveillance Radar (SSR) ရေဒါစက်များသည် နည်းပညာပိုင်းအရ အရပ်ဘက်လေယာဉ်များကိုသာ အချက်ပြစနစ်ဆက်သွယ်နိုင်ပြီး စစ်ဘက်သုံးဂျက်လေယာဉ်များကို ဖမ်းယူနိုင်ခြင်းမရှိသေးပေ။

ရိုးမဘဏ်မှ ဒီဂျစ်တယ် အသေးစား အပေါင်ပစ္စည်းမဲ့ချေးငွေ သိန်း ၅၀ ထိ ပေးမည်

ရန်ကုန်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် စစ်ဘက်နှင့်အရပ်ဘက်လေယာဉ်များကို ဖမ်းယူနိုင်သည့် အဆင့်မြင့်ရေဒါစက် Airport Surveillance Radar (ASR) များနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (SSR) ရေဒါစက်ကို ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရေဒါစက်များတပ်ဆင်ရန် ဂျပန်နိုင်ငံမှပညာရှင်အဖွဲ့သည် ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ဖြတ်ကျော်ပျံသန်းလျက်ရှိသည့် လေယာဉ်များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်စစ်တမ်းကောက်ယူခဲ့ပြီးနောက် ထောက်ပံ့ငွေပေးရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Source : Myanmar Times


Read 93 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.