Friday, 27 April 2018 03:54

02 1

ကဆုန်လပြည့်နေ့နဲ့ ပတ်သက်ပြီး ဗဟုသုတ ရစေနိုင်မယ့် အကြောင်းအရာတွေကို မျှဝေပေးလိုက်ပါတယ်။
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှာ ကျင်းပ ပူဇော်လေ့ရှိကြပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ပါတယ်။

country profile myanmar kason watering festival
ကဆုန်လပြည့်နေ့ရဲ့ ထူးခြားချက်များ
ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ကို လေးဆူမြောက် ဂေါတမဘုရား အမှန်ဧကန်စင်စစ် ဖြစ်လိမ့်မည်လို့ ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်တော် ပေးသောနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ဟာ ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဟာ ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူသောနေ့ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့နေ့ ဒါကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်းမြတ်ဗုဒ္ဓရဲ့ ရန်သူအပေါင်းကို အောင်နိုင်ရာ၊ သစ္စာလေးပါးကိုသိမြင်ရာ၊
ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဌာနဖြစ်တဲ့ မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားတွေမှာ စိုက်ပျိုးပူဇော်ထားအပ်တဲ့ ညောင်ပင်တွေကို ရေစင်သွန်းဖျန်း ပူဇော်လေ့ရှိကြပါတယ်။

kason
အဓိက ရည်ရွယ်ချက်ကတော့ ဗောဓိပင်တွေမညှိုးနွမ်း မခြောက်သွေ့စေလိုရေးနဲ့ မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်ပါတယ်။ ဒီလိုမျိုး ဗောဓိညောင်ပင်တွေကို ရေစင်သွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်လို့ ခေါ်တွင်ပြီး မြန်မာတို့ရဲ့ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တွေကနေ ဒီနေ့ခေတ်အထိ အစဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို ကုဆုန် ဆိုပြီး ရေးထိုးထားတာကို တွေ့ရပါတယ်။ နောက်ပိုင်း ကု မှ က သို့ ပြောင်းလဲလာခြင်းဖြစ်ပါတယ်။
ကု၊က=ရေ ၊ ဆုန်=သွန်းလောင်းခြင်း လို့ အဓိပ္ပါယ်ရတဲ့အတွက် ကဆုန်လကို ရေသွန်းလ (၀ါ) ရေလောင်းလ လို့ ခေါ်ဆိုပါတယ်။ ကဆုန်လရာသီဟာ နေအပူရှိန် ပြင်းလှတဲ့အတွက် မြစ်ချောင်းအင်းအိုင်ရှိရေတွေ ခန်းခြောက် နည်းပါးလေ့ရှိပါတယ်။
ဂေါတမဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်၍ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြခြင်းဖြစ်တဲ့အတွက် ကဆုန်လ ညောင်ရေသွန်းပွဲ လို့ ခေါ်တွင်လာခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗောဓိပင်ဟာ ဘုရားရှင်ကို ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော် ဖြစ်တဲ့အတွက် ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်တည်တံ့စေဖို့ ရည်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်တွေကို အာရုံဆွမ်း၊နေ့ဆွမ်းကပ်လှူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ သီလခံယူခြင်း၊ ဘာဝနာတရား ပွားများခြင်းနဲ့ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်ကြပြီး ကုသိုလ်ယူလေ့ရှိကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ များကိုလည်း တပျော်တပါး ကျင်းပလေ့ရှိကြပါတယ်။
ကဆုန်လပြည့်နေ့ကို ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခြင်း
၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ်သတ်မှတ် နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပါတယ်။
၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသော အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဟာ ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်ဟာ ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမှာဖြစ်လို့ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံးးပိတ်ရက်အဖြစ် သတ်မှတ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပတဲ့အခါမှာ ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ဟာ မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နဲ့ အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမယ်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အခြားနိုင်ငံများတွင်လည်း ကျင်းပကြ
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်သည်သာမက ထိုင်းနိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နဲ့ အခြားနိုင်ငံမြို့ကြီးများမှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။

Read more about article Here

 

 


Read 292 times Last modified on Friday, 27 April 2018 04:09
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.