Monday, 20 November 2017 09:34

mistinemiss
မြန်မာနိုင်ငံမှာ ဖြန့်ဖြူးရောင်းချနေတဲ့ အလှကုန် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Mistine မှ ''Mistine Beauty Guru '' ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီပွဲမှာတော့ ထိုင်းနိုင်ငံမှ နာမည်ကျော် Make Up Artist တစ်ဦးဖြစ်တဲ့ Khun Kamol Chatrasen က မိတ်ကပ်ပြင်ဆင် ချယ်သမှုကို သရုပ်ပြပေးခဲ့ပြီး နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကလည်း အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ စိတ်ဓာတ်ကြံခိုင်မှုရှိပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ Smart Girl ၄ ဦးကို ရွေးချယ်ခဲ့ပါတယ်။ အရွေးချယ်ခံရတဲ့ Smart Girl ၄ ဦးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ကာ ရုပ်ရည် သွင်ပြင်ကို ပြောင်းလဲသွားစေမယ့် Make Over လုပ်ခြင်း၊ ကြော်ငြာရိုက်ကူးခြင်းနဲ့ အလှအပနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။
mistinemiss.jpg1

ဖူးပွင့်သူ
Read More About Updates Articles Here


Read 314 times Last modified on Monday, 20 November 2017 09:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.