Friday, 29 September 2017 10:44

    for her myanmar club.jpg1
    မန်မာအမျိုးသမီးတွေရဲ့ ဘ၀နေထိုင်မှုဆိုင်ရာ ပညာပေးဆောင်းပါးတွေကို တင်ဆက်ပေးလျက်ရှိတဲ့ ‘For Her Myanmar’ Website ကနေ အသင်းဝင်ကြေး အခြေပြုအစီအစဉ် တစ်ခုဖြစ်တဲ့ ‘For Her Myanmar Club’ ကို စက်တင်ဘာလ ၂၈ ရက်က စတင် မိတ်ဆက်လိုက်ပါတယ်။  ‘For Her Myanmar Club’ ဟာ အသင်းဝင်တွေကို စိတ်ခွန်အားပေး စာမူတွေ၊ စိတ်ဓာတ် တက်ကြွရေးဆိုင်ရာ အစီအစဉ်တွေနဲ့အတူ အမျိုးသမီးတွေအတွက် အထူးသီးသန့် စီစဉ်ထားတဲ့ စိတ်လှုပ်ရှားဖွယ် လျှို့ဝှက် လက်ဆောင်ဘူးလေးတွေကို လစဉ်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ “ဒီလို အစီအစဉ်မျိုးကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်မတို့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွင်းမှာ ရှိတဲ့ အမျိုးသမီးအားလုံး တိုင်းရင်းသားမရွေး၊ ဘာသာမရွေး၊ နိုင်ငံရေးဆိုင်ရာ ခံယူချက်မရွေး၊ လူမှုရေးဆိုင်ရာ အဆင့်အတန်းမရွေးဘဲ အမျိုးသမီးထုကြီး တစ်ခုလုံး ပါဝင်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် အသင်းဝင်ကြေး နှုန်းထားကိုလည်း မမြင့်စေဘဲ လူတန်းစားမရွေး တတ်နိုင်တဲ့ မမာဏကိုသာ ထားပေးပါတယ်” လို့ For Her Myanmar ရဲ့ ဒုတိယ ပူးတွဲတည်ထောင်သူ မခင်နှစ်ဦးက ပြောပါတယ်။
    for her myanmar club
    အသင်းဝင်ရာမှာတော့ ရွေးချယ်ဖို့အတွက် တစ်လ အသင်းဝင်ကြေး ၉၉၀၀ ကျပ်နဲ့ သုံးလ အသင်းဝင်ကြေး ၂၉၉၀၀ကျပ် + ပို့ခ အခမဲ့ ဆိုပြီး ရွေးချယ်စရာ ၂မျိုး ရှိပါတယ်။ အစီအစဉ်စပြီး ပထမလအတွင်း သုံးလစာ အသင်းဝင်ကြေး ပေးသွင်းမယ့် သူတွေအတွက် အထူးကံစမ်းမဲတွေ ဖြစ်တဲ့ ဘန်ကောက်ခရီးစဉ်၊ မြန်မာနိုင်ငံက နာမည်ကြီး စားသောက်ဆိုင်တွေမှာ အခမဲ့ သုံးဆောင်ခွင့်၊ L’Oreal အလှကုန်၊ Balance Fitness အားကစားခန်းမ၊ Melia၊ Novotel စတဲ့ ဟိုတယ်တွေ၊ Orng Kitchen၊ Rangoon Tea House၊ Babett Restaurant စတဲ့ စားသောက်ဆိုင်တွေရဲ့ ရွှေရောင် လက်မှတ် စတာတွေကို ကံစမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။
    ‘For Her Myanmar Club’ အစီအစဉ်ကို Balance Fitness က ပူးပေါင်း အကောင်အ ထည်ဖော်ပြီး L’Oreal နဲ့ Garnier က မိတ်ကပ်ပြင်ဆင်ခြင်း သင်တန်းတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းရေး လေ့ကျင့်ခြင်းတွေ စတဲ့ အစီအစဉ်တွေကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ လျှို့ဝှက် လက်ဆောင်ဘူးတွေကိုလည်း တစ်လနဲ့ တစ်လ ပါဝင်တဲ့ ထုတ်ကုန် မတူစေဘဲ အချိန်အခါသမယနဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်တွေကို ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းဝင်လိုတဲ့ အမျိုးသမီးတွေအနေနဲ့ facebook စာမျက်နှာဖြစ်တဲ့ (Facebook/ forhermyanmar)နဲ့ Website ဖြစ်တဲ့ (www.forhermyanmar.com) ကတစ်ဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

    ဖူးပွင့်သူ
    Read More About Digital Articles Here


    Read 281 times Last modified on Friday, 29 September 2017 10:58
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.