ďťż
    Friday, 22 September 2017 09:49

    City Mart
    ကဲ… My Yangon ပရိသတ်ကြီးရေ။
    ရှေ့လဆိုရင်  သီတင်းကျွတ်ပြီ ဆိုတော့ မြန်မာတွေရဲ့ ချစ်စရာထုံးတမ်း အစဉ်အလာလေးအတိုင်း လူကြီးမိဘနဲ့ ဆရာသမားတွေကို ကန်တော့တာ၊ လက်ဆောင်ပေးတာ၊ မီးထွန်းပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော် စသဖြင့် ပွဲတော်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြတာတွေ လာတော့မှာပေါ့။ မြန်မာတို့ရဲ့ပျော်ရွှင်စရာ လှပတဲ့ ပွဲတော်ကာလအမီ ထုတ်ကုန်အမျိုးမျိုးကနေ ပရိုမိုးရှင်းအစီအစဉ်တွေလည်း လိုက်လို့ ပါလာတာပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်  MY YANGON ပရိသတ်တွေအကြိုက်ပါပဲနော့။
    City Mart
    City Mart ဆိုင်တွေမှာ သီတင်းကျွတ်ရာသီအတွက်  ဘိုးဘွား၊ မိဘ၊ ဆွေမျိုးတွေကို ကန်တော့တဲ့အခါ အဆင်ပြေစေဖို့ ကန်တော့ခံ ပစ္စည်းလေးတွေကို တစ်ခါတည်း Set လိုက် တွဲပြီး စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ကန်တော့ခံ ပစ္စည်းလေးတွေ အနေနဲ့ ပစ္စည်းလက်ဆောင်ခြင်းတွေ (Gift Hamper)၊ သစ်သီးလက်ဆောင်ခြင်းတွေ (Fruits Hamper)၊ ငွေသားလက်ဆောင်ကဒ်တွေ (City Gift Card)၊ ပစ္စည်းလက်ဆောင်အိတ်တွေ (Special Thadingyut Gift Bag)၊ လျှပ်စစ်ပစ္စည်းတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အ၀တ်အထည်ပစ္စည်းတွေကို အထူး Promotion အနေနဲ့ ရောင်းချပေးနေတာပါ။  သူ့အစီအစဉ်ကတော့ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အတွင်း City Mart Supermarket ဆိုင်ခွဲတိုင်းမှာ ကျပ် ၄၀,၀၀၀ဖိုး ၀ယ်ယူသူတိုင်းကိုလည်း ရွှေ ၁ ကျပ်သား ၂၁ဆု၊ ရွှေဆွဲကြိုး ၅မူးသား ဆုပေါင်း ၈၀ ကို မဲဖောက်ပေးသွားမှာတဲ့။
    sein gay har
    စိန်ဂေဟာ
    စိန်ဂေဟာမှာတော့ သီတင်းကျွတ် အထူးအစီအစဉ်အနေနဲ့ Big Deal ကို စက်တင်ဘာလ ၁၆ ရက်နေ့က အောက်တိုဘာလ ၁၃ ရက်အထိ လေးပတ်တိတိ ကျင်းပပြုလုပ်ပေးထားပါတယ်။ အဲဒီ သီတင်းကျွတ် Big Deal မှာဆိုရင် စားသောက်ကုန်တွေ၊ လူအသုံးဆောင်ပစ္စည်းတွေ၊ ဇိမ်ခံ ပစ္စည်းတွေနဲ့ Electronic ပစ္စည်းအမျိုးပေါင်း ၃၀၀ ကျော် ပါဝင်ပါတယ်။
    ocean
    Ocean Supercentre

    ရန်ကုန်မြို့က Ocean Supercentre တွေမှာဆိုရင်တော့ ၀ါကျွတ်ရင် မင်္ဂလာဆောင်ကြမယ့် မင်္ဂလာပွဲရှင်တွေအတွက်ကို အိမ်ထောင် ပရိဘောဂပစ္စည်းတွေကို Set အလိုက် အထူးပရိုမိုးရှင်းလေးတွေ ပြုလုပ်ပေးနေပါတယ်။ မင်္ဂလာမောင်နှံတွေအတွက်ပဲ ဖြစ်စေ၊ လက်ဖွဲ့ပေးဖို့ပဲ ဖြစ်စေ၊ ကိုယ်တိုင်သုံးဖို့ပဲ ဖြစ်စေ အထူးပရိုမိုးရှင်းတွေနဲ့ သွားရောက်ဝယ်ယူလို့ရပါတယ်။
    AEONorange
    Aeon Orange Supermarket

    Aeon Orange Supermarket ကလည်း သီတင်းကျွတ်အတွက်ကို အထူးပရိုမိုးရှင်းလေး ပြုလုပ်ပေးထားပါတယ်။ Aeon Orange Supermarket တိုင်းမှာ ၂၀၁၇ ခုနှစ်အတွက် ထုတ်လုပ်ရောင်းချတဲ့ အများနဲ့မတူတဲ့ ကန်တော့လက်ဆောင်ခြင်းတွေ၊ အခြား သီတင်းကျွတ်နဲ့ သက်ဆိုင်တဲ့ မီးပုံလေးတွေ၊ မီးသီးလေးတေ၊ွ ၀ါကျွတ်ကန်တော့ ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ အထူးပရိုမိုးရှင်းလေးတွေ ပြုလုပ်ပေးထားတာပါ။ အထူးပရိုမိုးရှင်းကာလကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ ဖြစ်ပါတယ်။
    Saramanda Shoes
    Saramanda Shoes
    Saramanda Shoes ကလည်း သီတင်းကျွတ် အတွက် Promotion တစ်ခုကို ပြုလုပ်ပေး ထားပါတယ်နော်။ အဲဒါကတော့ စက်တင်ဘာလ ၁၅ရက်ကနေ အောက်တိုဘာလ ၁၅ရက်အထိကို  Junction City Level 2 ရှိတဲ့ Saramanda Shop မှာ 20% ကနေ 50% off Discount ချပြီး ရောင်းချပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် သီတင်းကျွတ် Promotion ကာလအတွင်းမှာ ဝယ်ယူထားသူတွေထဲက  ကံထူးရှင် ၅ ဦးကိုလည်း Lucky Draw အနေနဲ့ Promotion ပြီးဆုံးချိန်မှာ ဖိနပ်တွေကို မဲနှိုက်ပေးဦးမှာပါ။
    Chaw Chaw Silk Luxury Fashion
    Chaw Chaw Silk & Luxury Fashion
    Chaw Chaw Silk & Luxury Fashion ကလည်း သီတင်းကျွတ် အကြို Promotion ပြုလုပ်ပေးနေပါတယ်။ သီတင်းကျွတ်အကြို Promotion ပွဲကို စက်တင်ဘာ ၂၂-၂၄ (သောကြာ, စနေ, တနင်္ဂနွေ) နံနက် ၉ နာရီကနေ ညနေ ၇ခွဲ အချိန်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ Promotion မှာတော့ ချောချော ကိုယ်ပိုင်ဒီဇိုင်း လွန်းရာကျော် ချိတ်အစစ်တွေအားလုံးကို ၅၀-၆၀ ရာခိုင်နှုန်း လျှော့ဈေး၊ တခြား အထည်အလိပ် ပိတ်စတွေအားလုံးကို  ၈၀ ရာခိုင်နှုန်း အထိ လျှော့ဈေးတွေနဲ့  ရောင်းချသွားမှာဖြစ်ပါတယ်။
    Chaw Chaw Silk & Luxury Fashion - အမှတ်၂၄၁၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်။
    Marvelous Wedding Planner Fabric Fashion
    Marvelous Wedding Planner & Fabric Fashion
    Marvelous Wedding Planner & Fabric Fashion ကလည်း သီတင်းကျွတ် အချိန်အခါသမယမှာ လူကြီးမိဘ ဆရာသမားတွေကို ဂါရဝပြုဖို့အတွက် သီတင်းကျွတ် အကြိုဈေးရောင်းပွဲလေးကို စီစဉ်ထားပါတယ်။ Marvelous Wedding Planner & Fabric Fashion ဈေးရောင်းပွဲတော်မှာတော့ အထူးဈေးနှုန်းအနေနဲ့ ၂၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ လျော့ဈေးတွေနဲ့ ရောင်းချပေးမှာပါ။ ပရိုမိုးရှင်းကာလကတော့ စက်တင်ဘာ၂၄ရက်ကနေ စက်တင်ဘာလ ၂၆ရက်အထိပဲ ဖြစ်ပါတယ်။
    Marvelous Wedding Planner & Fabric Fashion - အမှတ် 5B၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်။
    Lovely Angle Kids Fashion
    Lovely Angle Kids Fashion
    Lovely Angle Kids Fashion ကလည်း သီတင်းကျွတ်အကြို Promotion လေး ပြုလုပ်ပေးထားပါတယ်။ Lovely Angle Kids Fashion ကနေ ဝယ်ယူအားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ် Customer တွေအတွက်ကို သီတင်းကျွတ်အကြို Promotion အနေနဲ့ 10% Discount ပေးမှာပဲ ဖြစ်ပါတယ်။ Promotion ကာလကတော့ စက်တင်ဘာလ ၃၀ရက် အထိပါပဲ။ သီတင်းကျွတ်မှာ သားသားမီးမီးလေးတွေ အပြတ်လန်းနိုင်ဖို့ Lovely Angle Kids Fashion ကနေ Promotion ကာလကို စက်တင်ဘာလ ၃၀ ရက်အထိ ပြုလုပ်ပေးထားပါတယ်။
    Lovely Angle Kids Fashion - အမှတ်၉၊ ယင်းတိုက်လမ်း၊ သီတာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။
    Escort Fashion
    Escort Fashion
    Escort Fashion ကလည်း သီတင်းကျွတ် Promotion အစီအစဉ် ပြုလုပ်ပေးနေပါတယ်။ Escort Fashion ရဲ့ Promotion ကတော့ စက်တင်ဘာလ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ရက်နေ့အထိကို Escort ဆိုင်ခွဲတိုင်းမှာ  အထူးလျော့ဈေးနဲ့ ရောင်းချပေးမှာပါ။ Escort Fashion ရဲ့ Promotion မှာဆိုရင် 60% အထိ Discount တွေလည်းပါမှာ ဖြစ်ပါတယ်။
    Escort Fashion - All Shopping centers


    Read 375 times Last modified on Friday, 22 September 2017 11:01
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.