Friday, 15 September 2017 10:30

K FOOD FAIR 2017 1617
နာမည်ကြီင်္းအဆိုတော်တွေပါ ဖျော်ဖြေတင်ဆက်မယ့် K-FOOD FAIR 2017

K-FOOD FAIR 2017 ကိုရီးယား အစားအသောက်ပွဲတော်ကြီးကိုတော့ Junction City Level-2 Promotion Area Main Atrium မှာ September 16 ရက်နေ့ကနေ 17 ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ ဒီပွဲတော်မှာဆိုရင် နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ နီနီခင်ဇော်နဲ့အတူ Ar-T တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ Miss Myanmar World 2015 ခင်ရတနာသိန်းမြင့်နဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးစာဖိုမှူး Cha,Min-Uk တို့ကလည်း လက်တွေ့ ဟင်းချက်သရုပ်ပြမှာဖြစ်ပြီး ကိုရီးယား အစားအစာတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။ အဲဒါတွေအပြင် ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအကတွေကို Jung Art Rak အဖွဲ့က ဖျော်ဖြေတင်ဆက်ပေးမယ့်အပြင် တိုက်ကွန်ဒို သရုပ်ပြတင်ဆက်ခြင်း၊ K pop Cover Dance အဖွဲ့တွေရဲ့ ကပြဖျော်ဖြေ တင်ဆက်မှုတွေလည်း တ၀ကြီး ကြည့်ရမှာပါ။ ကိုရီးယားရိုးရာ အားကစားနည်းတွေကိုပါ ကိုယ်တိုင်ပါဝင် ဆော့ကစားနိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်ဦးမှာဆိုတော့ လက်မလွှတ်သင့်တဲ့ ပွဲတော်တစ်ခုပါပဲနော်။
M BarKitchen beer
6,000 ကျပ်နဲ့  စနေအပတ်တိုင်း Draught Beer ကို စိတ်ကြိုက်သောက်နိုင်မယ့် M Bar & Kitchen

ဒါကတော့ Weekend မှာ NightOut ထွက်ချင်သူတွေအတွက် M Bar & Kitchen ကနေ ပရိုမိုးရှင်း အစီအစဉ်လေးတစ်ခု ပြုလုပ်ပေးထားတာပါ။ စနေနေ့အပတ်တိုင်း M Bar & Kitchen မှာ တစ်ယောက်ကို 6,000 ကျပ်နဲ့ Draught Beer ကို စိတ်ကြိုက်သောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Food မှာတဲ့ အပေါ်မှာလည်း 20% Discount ထပ်ပေးဦးမှာတဲ့နော်။ Weekend မှာ NightOut ထွက်ချင်သူတွေအတွက် M Bar & Kitchen ရဲ့ Weekend အစီစဉ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
M Bar & Kitchen - ၅လွှာ-၆လွှာ၊ ပြည်သာယာဟိုတယ်၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်။ ဖုန်း - 09 785 050219
Vintage Luxury Yachtcocktail
Vintage Luxury Yacht ရဲ့ Cocktail Promotion
Vintage Luxury Yacht ကနေ စက်တင်ဘာလအတွက်ကို Cocktail Promotion လေး ပြုလုပ်ပေးထားပါတယ်။ ဒီ Promotion ကတော့ Cocktail တစ်ခွက်ကိုမှ ၄၀၀၀ ကျပ်ပဲ ကျသင့်မှာပဲ ဖြစ်ပါတယ်။ Cocktail လေးမျိုးစလုံးကို မှာယူမယ်ဆိုရင်တော့ ၁၂၀၀၀ ကျပ်ပဲ ကျသင့်မှာပါ။ ဒီ Cocktail Promotion ကတော့ Vintage Luxury Yacht ရဲ့ Bartender လေးယောက်ရဲ့ ရင်တွင်းဖြစ် Creation ဖြစ်ပါတယ်။ ဒါကြောင့် Vintage Luxury Yacht ရဲ့ Cocktail Promotion လေးကို သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
Vintage Luxury Yacht - အမှတ်၆၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဘုရားအနီး၊ ရန်ကုန်။ ဖုန်း - 010532~35
Escort Fashion
Escort Fashion ရဲ့ သီတင်းကျွတ် Promotion
Escort Fashion ကလည်း သီတင်းကျွတ် Promotion အစီအစဉ် ပြုလုပ်ပေးနေပါတယ်။ Escort Fashion ရဲ့ Promotion ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိကို Escort ဆိုင်ခွဲတိုင်းမှာ အထူးလျော့ဈေးနဲ့ ရောင်းချပေးမှာပါ။ Escort Fashion ရဲ့ Promotion မှာ 60% အထိ Discount တွေလည်း ပါမှာဆိုတော့ လက်လွှတ်မခံသင့်တဲ့ အခွင့်ရေးတစ်ခုပါပဲ။
Hair Dr Beauty Spa
Hair Dr Beauty Spa ရဲ့ 55% Discount
Hair Dr Beauty Spa ကနေ ဆိုင်ဖွင့်ခြင်း တနစ်ပြည့် အထူးအစီအစဉ်နဲ့အတူ မိုးရာသီကာလကို (အထူး) Promotion ပေးထားပါတယ်။  Hair Dr Beauty Spa ရဲ့ Promotion ကတော့ Natural Hair Hebounding ပုံမှန် ၈၈၀၀၀ ကျပ်ကို 55% Discount အနေနဲ့ အခု ၃၉၄၀၀ ကျပ်ထဲနဲ့ ပြုလုပ်ခွင့်ရမှာပဲ ဖြစ်ပါတယ်။ Rebounding ကိုလည်း Hair Care ထဲမှာ အကောင်းဆုံး Hair Products တခုဖြစ်တဲ့ Shiseido နဲ့ ပြုလုပ်ပေးမှာတဲ့နော်။ ဆံပင်ဖြောင့်သလို စင်းကပ်မနေပဲ သဘာဝကျကျ အဖြောင့်လေးပဲ လိုချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပြီး Promotion ကာလနဲ့ဆို ပိုတန်တာကြောင့် လမ်းညွှန်ပေးလိုက်တယ်နော်။
Hair Dr Beauty Spa - အမှတ်၇၃၊ လမ်းသစ်လမ်း (Junction Mawtin အနီး)၊ လမ်းမတော်မြို့နယ်။ ဖုန်း - 01 228643


Read 313 times Last modified on Friday, 15 September 2017 10:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.