Published in Best of Yangon...

          လူထုအခြေပြု လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ သန့်မြန်မာဟာ ပိုမိုသန့်ရှင်းတဲ့ မြန်မာနိုင်ငံကို ဦးတည်လျှောက်လမ်းဖို့နဲ့ ပလတ်စတစ် ညစ်ညမ်းမှု လျော့ချဖို့အတွက် အများပြည်သူတို့ ပူးပေါင်းပါဝင်ကာ အလေးအနက် ဆောင်ရွက်သွားဖို့ကို တိုက်တွန်း ထားပါတယ်။           သန့်မြန်မာရဲ့ လေ့လာတွေ့ရှိချက် တွေအရ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ ပလတ်စတစ် ညစ်ညမ်းမှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်ဦးချင်းစီသော်လည်းကောင်း အစုလိုက်သော်လည်းကောင်း နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ် အိတ်တွေ၊ ဖျော်ရည်ပိုက်တွေနဲ့ ပလတ်စတစ် ရေဗူးတွေ စတဲ့ ထုတ်လုပ်မှုတွေမှာ တစ်နှစ်လျှင် ပလတ်စတစ် သန်းပေါင်း တန် ၃၀၀ ခန့် ထုတ်လုပ်လျှက် ရှိတယ်လို့ သိရပါတယ်။           “ကျွန်မတို့အနေနဲ့ ပလတ်စတစ်တွေကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်တဲ့…

Published in Best of Yangon...

          ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် အများပြည်သူ အသိပညာပေး လှုပ်ရှားမှုအစီအစဉ်မှာ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်တဲ့ အကယ်ဒမီများဆုရှင် ဆွေဇင်ထိုက် (အန်တီဂရေ့စ်)၊ တေးသံရှင် ဇွဲပြည့်၊ ဖက်ရှင်ဒီဇိုင်နာ မပုံ့၊ အလှအပရေးရာ ဖန်တီးရှင် ခင်စန်းဝင်းနဲ့ မော်ဒယ်လ် နှင်းရည်လွင်တို့ကပူးပေါင်းပါဝင် သွားမှာ ဖြစ်ပါတယ်။      အဆိုပါ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဗီဒီယို ၅ ကားဟာ ပလတ်စတစ် ညစ်ညမ်းမှုနဲ့ ဆိုးကျိုးတွေ အကြောင်းကို အများပြည်သူတွေ အကျယ်တဝင့် သိရှိစေဖို့ မီးမောင်းထိုး တင်ဆက်ပြသထားခြင်းဖြစ်ပြီး ထိုဗီဒီယို ဇာတ်လမ်းတိုတွေဟာ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ သန့်မြန်မာမှ ဖန်တီးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။   …