Friday, 22 March 2019 06:47

ygn_uni-min.jpg


ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လာမည့် ၂၀၁၉-၂၀ ပညာသင် နှစ်တွင် Environment and Water Studies ဘာသာရပ်အသစ်ကို ရန်ကုန်တက္ကသိုလ်၌ ဖွင့်သွားမည်ဟု ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း က ပြောပါတယ်။

အဆိုပါဘာသာရပ်ကို ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန် သုတေသနသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် Central European University, Manchester University, Kyoto University တို့နှင့် ပူးပေါင်းကာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေပြီး ရန်ကုန်တက္ကသိုလ် သက်တမ်းနှစ်(၁၀၀)ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်အမှီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

‘‘အဓိကကတော့ ရေနဲ့ပတ်သက်ပြီး လေ့လာတဲ့ဘာသာရပ်ပေါ့။ ရေဆိုးရေညစ်တွေကို ရေသန့်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းပညာတွေလည်း ပါမယ်။ ဘာသာရပ်တော်တော်များများ ပေါင်းစပ်သင်ရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ လူမှုရေးသိပ္ပံဘာသာရပ်တွေလည်း ပါမယ်။ ရေနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ၊ ရေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါမယ်’’ ဟု ဒေါက်တာဖိုးကောင်း က ပြောပါတယ်။

၂၀၁၉-၂၀ ပညာသင်နှစ် ဒီဇင်ဘာကျောင်းဖွင့်ချိန်တွင် ထိုဘာသာရပ်အသစ်ကို စတင်သင်ကြားနိုင်ရန် လျာထားပြီး ဘွဲ့ကြိုသင်တန်းအတွက် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် ကျောင်းသား၊ ကျောင်းသူ ၅၀ မှ ၁၀၀ ကြား လက်ခံသင်ကြားမည်ဟု ၎င်းက ဆိုပါတယ်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ရေအရင်းအမြစ်ဆိုင်ရာ သုတေသနသင်တန်းများလည်း ပို့ချရန် လျာထားသည်ဟုဆိုပါတယ်။

Environment and Water Studies ဘာသာရပ်အတွက် အသုံးပြုသင်ကြားမည့် ဓာတ်ခွဲခန်းတည်ဆောက်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကျပ်သိန်း ၁၀၀ လှူဒါန်းထားပြီး ငွေကြေးအပြင် အဆောက်အအုံ၊ သင်ထောက်ကူ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ လှူဒါန်းနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံတွင် ချောင်း၊ မြစ်၊ ကန်၊ ပင်လယ်ကမ်းခြေများ ပေါများ၍ ယနေ့ခေတ်ရာသီဥတု အပြောင်းအလဲနှင့်အတူ လိုအပ်နေသည့် Water Studies ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်စေလိုပြီး သုတေသနနယ်ပယ်တွင် အထူးနယ်ပယ်ကို Water Studies အဖြစ်ရယူထားပါက နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာနိုင်ငံသို့ လာရောက်သုတေသနပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၈ ဩဂုတ်က ပြုလုပ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်က ဘွဲ့ ကြိုဘာသာရပ်သင်တန်း ၂၁ ခု ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်နှင့် သုတပညာ၊ ဇီဝ ဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် အသစ်ငါးခု တိုးချဲ့ဖွင့်လှစ်ရာ လက်ရှိတွင် ဘွဲ့ကြိုဘာသာရပ် သင်တန်း၂၆ ခုထိ ဖွင့်လှစ်ထားပါတယ်။

Source: 7DayDaily


Read times
Rate :
(0 votes)

4 comments

  • dream house
    Comment Link

    There is a selection of looks used for the home. You will quickly learn that your Barbie 3 story dream home is worth the relatively higher price that you'll pay for it. Satisfy your daughter's playhouse dreams by searching the internet to look for a Barbie doll home that will fit her desires and creativity.

    Tuesday, 03 September 2019 11:16 posted by dream house
    Report
  • Everette Mckim
    Comment Link

    Just desire to say your article is as surprising. The clearness in your post is simply great and i could assume you are an expert on this subject. Fine with your permission allow me to grab your feed to keep updated with forthcoming post. Thanks a million and please continue the rewarding work.|

    Monday, 02 September 2019 21:35 posted by Everette Mckim
    Report
  • pokemon go hack on mac
    Comment Link

    There is perceptibly a bundle to identify about this. I believe you made some nice points in features also.

    Wednesday, 14 August 2019 18:30 posted by pokemon go hack on mac
    Report
  • golf clash perfect shot hack ios
    Comment Link

    Hello just wanted to give you a quick heads up. The text in your article seem to be running off the screen in Firefox. I'm not sure if this is a formatting issue or something to do with web browser compatibility but I thought I'd post to let you know. The design look great though! Hope you get the problem fixed soon. Many thanks

    Saturday, 10 August 2019 11:48 posted by golf clash perfect shot hack ios
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.