Friday, 22 March 2019 04:35

Screenshot_from_2019-03-22_11-11-00.png

မယ်စကြဝဠာမြန်မာ ၂၀၁၉ ပြိုင်ပွဲတွင် မြို့အသီးသီးက ရွေးချယ်ထားသည့် အလှမယ် ၂၇ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါ အလှမယ်များကို မတ်လ ၂၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ စာနယ်ဇင်းများနှင့် မိတ်ဆက်ခဲ့ပါတယ်။

ပြိုင်ပွဲအတွက် အလှမယ်များ၏ လူမှုရေးလှုပ်ရှားမှုများနှင့် စခန်းသွင်းလေ့ကျင့်ခြင်းကို မေလ လဆန်းတွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းသို့ လေ့လာ ရေးခရီးသွားရောက်မည်ဟု ပြိုင်ပွဲကို စီစဉ်ကျင်းပသည့် မယ်စကြဝဠာမြန်မာ National Director ဒေါ်စိုးယုဝေ က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နှင့် ကော့သောင်းဘက်ရှိ ကျွန်းများသို့ သွားရောက်မည်ဖြစ်ပြီး ပြည်သူများနှင့် တွေ့ဆုံမည့် အစီအစဉ်များ ပါဝင်မှာဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်၌ Talent Show နှင့် Swimsuit Competition ပြုလုပ်သွားမည်ဟု ဒေါ်စိုးယုဝေ က ပြောပါတယ်။

ထို့ပြင် အမျိုးသားဝတ်စုံပြိုင်ပွဲကို Gandamar Grand Ballroom ၌ ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကို မေလ ၃၁ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မယ်စကြဝဠာမြန်မာပြိုင်ပွဲ ကို ၂၀၁၃ ခုနှစ်က စတင်ကျင်းပပြီး ၂၀၁၈ အထိ မယ်စကြဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်များကို စေလွှတ်ယှဉ်ပြိုင်ခဲ့ပါတယ်။ မယ်စကြဝဠာပြိုင်ပွဲတွင် အမြင့်ဆုံးအဖြစ် ၂၀၁၆ က သွားရောက်ယှဉ်ပြိုင်သော အလှမယ် ထက်ထက်ထွန်း က အကောင်းဆုံးအမျိုးသားဝတ်စုံဆုကို ရုပ်သေးဝတ်စုံဖြင့် ရရှိခဲ့ပါတယ်။

မယ်စကြဝဠာမြန်မာအဖွဲ့အစည်းအနေဖြင့် ပြီးခဲ့သည့်နှစ်က စတင်၍ Runner Up ဆုရရှိသူများကို နိုင်ငံတကာပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ အထိုက်အသင့် အောင်မြင်မှုရရှိကြောင်း ဒေါ်စိုးယုဝေ က ပြောထားပါတယ်။

Source and photo: 7daydaily


Read 66 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.