Thursday, 21 March 2019 04:38

car_licence_driving_Myanamr_1.jpg

ရန်ကုန်မြို့မှာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့ အကောင်းဆုံးနေရာတစ်ခုကို ပြောပြပါဆိုရင်ကွမ်ခြံကုန်း ဘူတာကြီးလို့ လူသိများတဲ့ ရန်ကုန်ဘူတာကြီးလို့ ညွှန်ပြရပါလိမ့်မယ်။

မိုးလုံလေလုံ အပူမဟပ်အောင် ထုထည်ကောင်းတဲ့ ရှေးအဆောက်အဦဖြစ်တဲ ဘူတာကြီးရဲ့ မုခ်ဦးတစ်ခုကနေ ၀င်လိုက်တယ်ဆိုရင် နံရံမှာ ကပ်ထားတဲ့ အစိမ်းရောင် ဆိုင်းဘုတ် ရှည်မျောမျောမှာ ယာဉ်မောင်းလိုင်စင် လို့ ထင်ထင်ရှားရှား ရေးထားပြီးစာသားအောက်မှာ  မြားရှည်တစ်ချောင်းက လိုင်စင်သက်တမ်းတိုးရမယ့် နေရာကို ထိုးညွှန်ပြထားတယ်။ မြားညွှန်ရာအရပ်မှာ ကညန ရုံးခွဲက လိုင်စင်သက်တမ်းတိုးမယ့်သူတွေအတွက် အသင့် ရှိနေတယ်။

54525007_1991247034307367_5378295985220878336_n.jpg

တစ်ချိန်က ရထားလက်မှတ်ရောင်းချခဲ့တဲ့ ကောင်တာမှာ ဖွင့်လှစ်ထားတာမို့ ရထားလက်မှတ်ရောင်းတဲ့နေရာလို့ အထင်မမှားရအောင်

လက်မှတ်ရောင်းသည့် နေရာမဟုတ်ပါ (NO TRAIN TICKET)လို့ ဖော်ပြထားတဲ့ ဆိုင်းဘုတ်ဖြူတစ်ခု ချိတ်ပြီး အသိပေးထားတယ်။

အပြာရောင် ဆိုင်းဘုတ်ကြီး တစ်ခုပေါ်မှာတော့ ''ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မည်သည့်မြို့နယ်မဆို ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။ မှတ်ချက်။ ။ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး တစ်မျိုးတည်းသာ ဆောင်ရွက်ပေးပါသည်''လို့ ဖော်ပြအသိပေးထားပါတယ်။

သက်တမ်းမကုန်လွန်သေးတဲ့ ယာဉ်မောင်းလိုင်စင်တွေကိုသာ သက်တမ်းတိုးပေးပါတယ်. သက်တမ်းကုန်လွန်နေရင်တော့ ယာဉ်မောင်းလိုင်စင်ပေါ်မှာ ဖော်ပြထားတဲ့ လိပ်စာရဲ့ မြို့နယ်အတွက် သက်ဆိုင်ရာ ခရိုင်ရုံးကို သွားပြီး သက်တမ်းတိုးရပါလိမ့်မယ်လို့ သိရပါတယ်။

ကောင်တာကို ရောက်တယ်ဆိုရင် ယာဘက်အစွန်နားမှာ ဖောင်ကို အခမဲ့ ယူလို့ရတယ်။ ဖောင်ကို ၀န်ထမ်းတွေက ဖြည့်ခွင့် မရှိတာမို့ သက်တမ်းလာတိုးတဲ့သူကသာ ရေးဖြည့်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာလို့ ဘောလ်ပင် အဆင်သင့် ချပေးမထားဘူး။ ဖောင်ဖြည့်ဖို့ ဘောလ်ပင် ယူသွားပါ။

ဖောင်နဲ့အတူ ဘာတွေ တွဲတင်ရမလဲ။

သက်တမ်းတိုးမယ့် ယာဉ်မောင်းလိုင်စင်မူရင်း။ သက်တမ်းတိုးမယ့်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။ ခပ်သေးသေး အရွယ်အစား ပတ်စပို့ဓာတ်ပုံ နှစ်ပုံ တွဲတင်ရမှာပါ။ နောက်ခံအပြာရောင် ဖြစ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်စားလာလုပ်တယ်ဆိုရင် ကိုယ်စားလှယ်ရဲ့ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူကိုပါ တွဲတင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံသား စိစစ်ရေးကတ် မူရင်းပဲ ပါလာပြီး မိတ္တူ ပါမလာရင် ဘူတာရုံအတွင်း စကြ င်္ံထဲမှာ မိတ္တူဆိုင် ရှိပါတယ်။ စကြ င်္ံ ထဲကို ၀င်မယ်ဆို ၀င်ခွင့် ကျပ် ၁၀၀ ကို ဂိတ်ဝမှာ ပေးဆောင်ပြီး လက်မှတ်ရယူရပါတယ်။ ၀င်လိုက်ပြီးရင် ၀ဲဘက်ကို ချိုးလိုက်ပါ။ အိမ်သာသို့ ဆိုပြီး မြားညွှန်ထားတဲ့အတိုင်း သွားလိုက်ပါ။ အိမ်သာကို မတွေ့ရခင်မှာ မိတ္တူဆိုင်တစ်ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ပါလိမ့်မယ်။

ဓာတ်ပုံ ရိုက်မလာခဲ့ဘူးဆိုရင်လည်း အဲဒီအတွင်းစကြ င်္ံမှာ FINE Digital Photo လိုင်စင်ဓာတ်ပုံ အမြန် ရိုက်ပေးတဲ့ ဓာတ်ပုံဆိုင်ရှိတယ်။ ခုနက ပြောတဲ့ အိမ်သာ အမျိုးသားသန့်စင်ခန်း အနီးမှာ ဆိုင်ကို တွေ့နိုင်ပါတယ်။ အဲဒီလိုတွေ အဆင်ပြေအောင် အကွက်စေ့စေ့ စီစဉ်ပေးထားပါတယ်။

ဓာတ်ပုံနဲ့ ပတ်သက်လို့လည်း အသိပေးချက်ကို ဆိုင်းဘုတ်ချိတ်ထားတယ်။(၁)လအတွင်း ဓာတ်ပုံများကိုသာ လက်ခံဆောင်ရွက်ပေးပါသည်။

လိုင်စင်(မူရင်း)မှ ပြန်ကူးထားသောဓာတ်ပုံများကိုလက်မခံပါ။

ဖောင်ထိပ်နားဝဲဘက်စွန်မှာ ဓာတ်ပုံနှစ်ပုံကို ကပ်ရတယ်။ အဲဒီအတွက် ကော်ကို အသင့်ချပေးထားပါတယ်။

ဓာတ်ပုံကပ်ပြီးရင် လိုအပ်တဲ့ မိတ္တူတွေနဲ့ ဖောင်ကို တွဲတင်လိုက်ရပါမယ်။ ဖောင်နဲ့ တွဲဖို့ ကလစ်တွေ အသင့်ချပေးထားပါတယ်။

ကဲ အကုန်ပြည့်စုံပြီမို့ ဖောင်တင်လိုက်တယ်။ ချက်ချင်း စိစစ်ပေးတယ်။ ပြီးရင် စောင့်ဖို့ ပြောပြမယ်။ ပုံမှန်အားဖြင့် ၄၅ မိနစ်ထက် ပိုမကြာပါဘူး။ နည်းနည်း ပိုကြာတတ်တဲ့ မြို့နယ် နှစ်ခုက လှိုင်နဲ့ မရမ်းကုန်း မြို့နယ်တွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမြို့နယ်တွေက သက်ဆိုင်ရာ ခရိုင်ရုံးကို ဖုန်းဆက်ပေးမေးပြီး အတည်ပြုချက် ရယူလို့ပါ။ ကျန်တဲ့ မြို့နယ်တွေကတော့ ဒီမှာပဲ စိစစ်ပေးလိုက်တယ်လို့ ပြောပြပါတယ်။ ဘာလို့ လှိုင်နဲ့ မရမ်းကုန်းက မရတာလဲ။ မရရတာလဲဆိုတာတော့ မေးမနေပါနဲ့တော့။ အရမ်းကြီး ပိုကြာတာ မဟုတ်ပါဘူး။ မိနစ်ပိုင်းလောက် ပိုကြာတာပါ။

စိစစ်ပြီးရင် နာမည်ခေါ်တယ်။ သက်တမ်းတိုးကြေးနဲ့ အာမခံကြေး သွင်းရတယ်။

အဲဒီမှာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာအတွက် သတ်မှတ်ကြေးကို ပေးသွင်းရပါတယ်။

ကြေးနှုန်းထားတွေကို အစိမ်းအောက်ခံ ဗီနိုင်းမှာ အဖြူရောင်စာသားတွေနဲ့ ဖော်ပြထားပြီး အဲဒီဗီနိုင်းကို အုတ်နံရံမှာ ကပ်ပေးထားတယ်။

လိုင်စင် အမျိုးအစား အပေါ် မူတည်ပြီး ကြေးတွေက အမျိုးမျိုး ရှိတယ်။ သောင်းဂဏန်းကနေ သိန်းဂဏန်း အထိ ရှိတယ်။

ကညနမှာ ငွေသွင်းပြီးလို့ အိတ်ပိတ်ပြီးသွားရင် ဘေးဘက်မှာ သူတစ်ပါးထိခိုက်မှု အာမခံ ပရီမီယံကြေးသွင်းဖို့ အာမခံကြေး သွင်းရန်ဆိုတဲ့ အပေါက်မှာ ကျသင့်ငွေကို ပေးသွင်းလိုက်ပါ။ အဲဒီမှာတော့ ထောင်ဂဏန်းပဲ ပေးရပါတယ်။

ရုံးဖွင့်ချိန်က နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖြစ်ပေမဲ့ ငွေခန်းဖွင့်ချိန်ကတော့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိတစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီခွဲအထိ တစ်ကြိမ် နှစ်ကြိမ် ဖွင့်ပါတယ်။

ဒီနေရာမှာ မေးချင်စရာ တစ်ခု ရှိနေတယ်။ ၁၂ နာရီကနေ ၁ နာရီအထိ ဘာလို့ ပိတ်ရတာလဲ။ နေ့လည်စာ စားချိန်မို့လို့ ပိတ်တာလား။ မဟုတ်ပါဘူး။ အကျိုးအကြောင်းကို ဆိုင်းဘုတ်ချိတ်ပြီး ရှင်းပြပေးထားပါတယ်။

နေ့စဉ် ၁၂း၀၀ နာရီမှ၁း၀၀ နာရီအထိ ဘဏ်ငွေသွားသွင်းသည့်အတွက် ခေတ္တ ပိတ်ထားပါသည်။

လကုန်ရက်မှာတော့ တစ်မျိုး သတ်မှတ်ထားပါတယ်။ အဲဒါအတွက် ကာရံမဲ့ကဗျာတစ်ပုဒ်ကို ဆိုင်းဘုတ်ချိတ်ပြထားတယ်။

''လစဉ်လကုန်ရက်တိုင်း

၁၂း၀၀ နာရီ

ငွေခန်းပိတ်ပါသည်။

(ပြန်မဖွင့်ပါ)''

စိစစ်နေချိန် ထိုင်စောင့်ဖို့အတွက် ပလတ်စတစ် ကုလားထိုင်တွေ အစီအရီ ချပေးထားတယ်။ ကွမ်းစားရင် သတိထား။ ကွမ်းတံထွေး ထွေးတာ ဒဏ်ငွေ ကျပ် ၅၀၀ လို့ စာကပ်ထားတာ တွေ့တယ်။

တစ်နာရီ မကြာပါဘူး။ သက်တမ်းတိုးပြီးသား လိုင်စင် အသစ်ကို နာမည်ခေါ်ပြီး တစ်ယောက်ချင်း ပေးပါတယ်။ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး ယူရပါတယ်။

Read times Last modified on Thursday, 21 March 2019 04:48
Rate :
(1 Vote)

6 comments

• Corina Byrge
Comment Link

I just want to say I am newbie to blogging and site-building and seriously loved you’re web site. Most likely I’m going to bookmark your blog. You amazingly come with fabulous articles and reviews. Thanks a lot for sharing your web site.

Tuesday, 28 January 2020 12:02 posted by Corina Byrge
Report
• rent
Comment Link

Hi there to all, it's genuіnely a pleasant for me
to ցo to see this site, it consists of precious Information.

Thursday, 16 January 2020 01:51 posted by rent
Report
• abyssinia
Comment Link

Ꮤhen I initially left a comment I appear to havе clicked the -Notify me when new comments are ɑdԁed- checkboх and now every time a commеnt
is аddeԀ I get 4 emails with the exact same comment.
Is there a means you can remove me from that service?
Appreciatе it!

Thursday, 16 January 2020 01:44 posted by abyssinia
Report
• href=https://fud-cheat.com/rust-hackRust hack
Comment Link

I haven’t been at a city council meeting in a while, but I’ll try to make it next week. A few points though: these are public meetings required to keep the city running smoothly. They adhere to an agenda for the most part and order must be maintained for the work of the city to get done. If people are being disruptive they will be asked to leave, and if they refuse they will be removed — that would be the reason for the police presence, and I think it’s valid if there’s an ongoing problem with meetings being disrupted.Someone mentioned civil disobedience; yes, that’s always an option if you feel strongly enough, but of course one should expect there to be consequences to the disobedience.I do not imagine that the Edmonds PD is going to engage in any heavy-handed tactics to intimidate people (it certainly wouldn’t be in keeping with anything I’ve seen out of them after a long time in the area). I also don’t expect they’d be there instead of out “fighting crime”; I expect they’d be kept past the end of their shift and get a few hours of overtime. This isn’t as dramatic as people are making it out to be.span class="cib-button-text"]x[/url]
<div class="commenter-ignored-msg"]<span class="ignored-text"]Ignored

Monday, 25 November 2019 01:09 posted by href=https://fud-cheat.com/rust-hackRust hack
Report
• Renaldo Woernle
Comment Link

Hello there, You've performed an excellent job. I will definitely digg it and personally suggest to my friends. I'm confident they'll be benefited from this web site.

Tuesday, 19 November 2019 15:49 posted by Renaldo Woernle
Report
• outwitt hacks
Comment Link

I do not even know how I ended up right here, however I thought this post used to be good. I don't understand who you might be but certainly you're going to a well-known blogger when you aren't already ;) Cheers!

Tuesday, 13 August 2019 02:02 posted by outwitt hacks
Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.