Friday, 15 March 2019 04:27

pension-min.jpg

 

ရန်ကုန်တိုင်း မြို့နယ် ၈ မြို့နယ်တွင် အငြိမ်းစားပင်စင်လစာများကို Wave Money ဖြင့် မတ်လ ၂၁ ရက်မှ စတင်ထုတ်ယူနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

လုပ်ငန်းတိုးတက်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီးက ဆိုထားပါတယ်။

‘‘ ဘဏ်ကိုလာပြီး ငွေထုတ်ရတဲ့ စနစ်ကနေပြီးတော့ ဘဏ်ကိုလာစရာမလိုဘဲနဲ့ နီးစပ်ရာ Wave Money ရဲ့ Agent ဆိုင်တွေမှာ ငွေထုတ်နိုင်တဲ့ စနစ်လေးဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်ဝင်းက ဆက်ရှင်းပြထားပါတယ်။

နေပြည်တော်ရှိ Kampski Hotel ၌ မတ်လ ၁၄ ရက်တွင် ပြုလုပ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် Wave Money ပူးပေါင်းဆောင်ရွက်သည့် မိုဘိုင်းပင်စင်ဝန်ဆောင်မှု တရားဝင်လက်မှတ်ရေးထိုးခြင်း အခမ်းအနားမိန့်ခွန်း၌ ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၁)တွင် ပင်စင်ထုတ်ယူနေသူများ၊ ဒဂုံ(မြောက်)၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှည်းကူး၊ ကမာရွတ်မြို့နယ်တို့ရှိ ပင်စင်စားများ အဆိုပါဝန်ဆောင်မှုကို ယခုလတွင် ရယူနိုင်ပြီဟု ဝန်ကြီးဌာနက ဆိုပါတယ်။

ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်အတွင်း ရှေ့ပြေးအဖြစ် ခြောက်လစမ်းသပ်ဆောင်ရွက်မှု ရလဒ်အရ ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ် အထွေထွေမန်နေဂျာ ဒေါ်ဆင့်ဆင့်အောင် က ဖြည့်စွက်ပြောကြားထားပါတယ်။

တစ်နိုင်ငံလုံးတွင် ပင်စင်လစာထုတ်ယူသူ ၇ သိန်းကျော် ရှိသည့်အနက် ၃၁ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းအတွင်း နေထိုင်သဖြင့် ယခုကဲ့သို့ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါ်ဆင့်ဆင့်အောင် က ရှင်းပြထားပါတယ်။

Wave Money အသုံးပြုခအဖြစ် တစ်လလျှင် မြန်မာ့စီးပွားရေးဘဏ်က ကျပ်၂၀၀၊ Wave Money က ကျပ်၁၀၀၊ စုစုပေါင်း ကျပ် ၃၀၀ ကို ပင်စင်စားများထံမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

Source:7DayDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.