Wednesday, 13 March 2019 04:04

tuborg-min.jpg

အားလုံးပဲ Rock and Pop ဂီတတွေနဲ့ အပီဝုန်းဖို့ Ready ပဲလား..?

Tuborg က စီစဉ်တဲ့ “ခံစားဖွင့်လှစ် အတွေ့အကြုံသစ်”ဆိုတဲ့ Tuborg Yangon Music Festival ပွဲကြီးကို လာမယ့် (၂၃)ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ခမ်းခမ်းနားနား ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင် Rocker ကြီးတွေကလည်း Tuborg Funbassador ဖြစ်တဲ့ ရေမွန် (IDIOTS) နဲ့အတူ လင်းလင်း၊ ဝေလ၊ သာဒီးလူအပြင် Pop singer တွေဖြစ်တဲ့ ချမ်းချမ်း နဲ့ နီနီခင်ဇော်တို့ကလည်း အမိုက်စား ဖျော်ဖြေသွားဦးမှာပါ။

ပြီးခဲ့တဲ့ မတ်လ (၅)ရက်နေ့ကလည်း မန္တလေး၊ ရတနာပုံ Event Park မှာ Tuborg Mandalay Music Festival “ခံစားဖွင့်လှစ် အတွေ့အကြုံသစ်” ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Tuborg ကုမ္ပဏီဟာ ၂၀၁၅ လောက်ထဲက ကမ္ဘာကျော် Brand တစ်ခုအနေနဲ့ မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံများမှာလည်းထိုးဖောက်အောင်မြင်နေတာ ဖြစ်ပြီး မြန်မာပြည်က သောက်သုံးသူတွေအတွက် ပျော်ရွှင်မှုအတွေ့အကြုံတွေကို ခံစားဝေမျှနိုင်စေဖို့ ဂီတတေးသီချင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။

အားလုံးပဲ ကဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ လက်မှတ်တွေကို ၁၅၀၀၀ ကျပ်နဲ့ အောက်ပါဆိုင်တွေမှာ သွားရောက် ၀ယ်ယူနိုင်ပါတယ်။

(၁) မန်းသီရိတေးသံသွင်း - ၃၉ လမ်းထိပ်၊ အနော်ရထာလမ်းမပေါ်၊ ကျောက်တံတား(Ph-‎01252903)
(၂) Myan Pwal Online Ticket - အမှတ် ၁၀၂၊ သစ္စာလမ်းမကြီး ရန်ကင်း(Ph-‎09445151010)
(၃) Genius - အမှတ် ၃၆၂(မြေညီထပ်)၊ ဗညားဒလလမ်း၊ တာမွေရဲစခန်းရှေ့၊ ကျောက်မြောင်း
(၄) MMTIX - အမှတ် ၁၀၊ မြကန်သာ ၂ လမ်း၊ ကမာရွတ်မြို့နယ် (Ph-‎09451010789)
(၅) OMG Fashion Shop - အမှတ် ၁၄၄/ ၄၇ လမ်းထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်မြို့နယ် စတဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

Shinn Khant
Source: Tuborg's FB page


Read 146 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.