Friday, 08 March 2019 10:07

Screenshot_from_2019-03-08_16-41-21-min.png

 

 

“The Central Prestige” တာဝါဟာ နောက်ဆုံးပေါ်လူနေအိမ်ခန်းဖြစ်ပြီး အဆင့်မြင့်မား၍ ခေတ်ကာလနှင့် အမြဲတမ်းသင့်လျော်လှပနေမည့် လက်ရာများဖြင့် ရန်ကုန်မြို့၏ အမြင့်ဆုံးသောလူနေမှုအဆင့်အတန်းကို ဖော်ညွှန်းနေမည့် စီမံကိန်းဖြစ်ကြောင်း The Central မှ ကြေညာခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ လူနေအိမ်ခန်းတာဝါ မိတ်ဆက်သည့်အခမ်းအနားကို The Central ၏ Gallery Showroom တွင် အခန်းငှားရမ်းထားသူများ၊ အထူးဧည့်သည်တော်များနှင့်အတူ ခမ်းနားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“The Central Prestige” အား ရန်ကုန်မြို့၏ အချက်အခြာအကျဆုံး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းယားကန်ရှေ့တည့်တည့်တွင် အတွင်းပိုင်းအပြင်အဆင်များအနေဖြင့် ပြောင်မြောက်လှသော ဗိသုကာလက်ရာများ၊ အကောင်းမွန်ဆုံး အရည်အသွေးမြင့်ပစ္စည်းများအား ဘက်ပေါင်းစုံတွင် အသုံးပြုပေါင်းစပ် တည်ဆောက်သွားမည် ဖြစ်ပါတယ်။

Screenshot_from_2019-03-08_16-40-57-min.png

 

 

The Central ၏ စီမံကိန်းတစ်ခုဖြစ်သည့် The Central Prestige တွင်လက်ရာကောင်းမွန်လှပသော ဗိသုကာဒီဇိုင်းသာမက အနုပညာမြောက် ခမ်းနားသည့်တည်ဆောက်မှုပုံစံကိုပါ မြင်တွေ့နိုင်မည် ဖြစ်သည့်အတွက် အနုပညာဆန်ဆန်နေထိုင်မှုကို ပြသသော လက်ရာတစ်ခုအဖြစ် ခမ်းနားစွာ ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။

The Central Prestige တာဝါနှစ်ခုတွင် အိပ်ခန်း ၁ ခန်းမှ ၃ ခန်းအထိ ပါဝင်သည့် လူနေအိမ်ခန်းများကို ၈၂၄ စတုရန်းပေမှ ၂,၀၁၂ စတုရန်းပေအထိ အသီးသီးဖွဲ့စည်းထားသည့်အပြင် တာဝါ (၁)တွင်နေထိုင်သူများဟာ အထပ် ၃၀ အမြင့်တွင် တည်ရှိသော သီးသန့်ဘက်စုံသုံး Clubhouse အဆင့်မြင့် အားကစားပစ္စည်းများ ပါဝင်သည့် အားကစားရုံ၊ မျက်စိတဆုံး ကျယ်ပြန့်သော လှပခမ်းနားသည့် အင်းယားကန်မြင်ကွင်း အစရှိသည့် အကောင်းမွန်ဆုံးသော အခွင့်အရေးများအား ရရှိသွားမှာ ဖြစ်ပါတယ်။

“ "The Central Prestige" တာဝါဟာ အချက်အခြာကျလှတဲ့ အလှပဆုံး၊ အခမ်းနားဆုံးတည်နေရာမှာ တည်ရှိတဲ့အတွက် နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ သီးသန့် လသာဆောင်တွေကနေ မျက်စိတစ်ဆုံး ကျယ်ပြောလှပလှတဲ့ မြင်ကွင်းတွေကို ကြည့်ရှုခံစားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခန်းတွင်း သီးသန့်အဝတ်အစားလဲခန်းတွေနဲ့ ရေချိုးခန်းတွဲလျက်ပါဝင်ပြီးသား ခမ်းနားလှတဲ့ အိပ်ခန်းကျယ်ကြီးတွေကိုလည်း The Central Prestige တာဝါမှာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဒါတင်မက စနစ်တကျဖွဲ့စည်းထားပြီး ထပ်မံဖြည့်စွက် ဝယ်ယူစရာမလိုအောင် ပစ္စည်းတွေအားလုံး ပြည့်ပြည့်စုံစုံ အရန်သင့် ပါရှိတဲ့ ထမင်းစားခန်းတွေနဲ့ မီးဖိုချောင်တွေ၊ နောက်ပြီး ရေပူရေအေးစက်တွေနဲ့ အဝတ်လျှော်စက် အစရှိတဲ့ လူသုံးကုန်စက်ပစ္စည်းတွေကို ထားရှိနိုင်မယ့် သီးသန့်နေရာ (Service Balcony) တွေဟာလည်း ခမ်းနားပြည့်စုံလှတဲ့ လူနေထိုင်မှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်” လို့ Marga Landmark ၏ Head of Property Development ဖြစ်သူ Wilson Yeh က ပြောကြားခဲ့ပါတယ်။

The Central Prestige ဟာ နေထိုင်သူများ စိတ်ကူးထားသည်ထက် သာလွန်ကောင်းမွန်တဲ့ အကောင်းမွန်ဆုံးသော လူနေထိုင်မှုအတွေ့အကြုံများ၊ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့်မြင်ကွင်း၊ အဆင့်မြင့်မားလှသော ဗိသုကာပိုင်းဆိုင်ရာ တည်ဆောက်မှုများနှင့် The Central ၏ ပြီးပြည့်စုံသည့် ဘယ်စုံသုံး ဝန်ဆောင်မှုများ၊ ပါဝင်ပစ္စည်းများအား ပေါင်းစပ်ဖန်တီးထားသည့် The Central Prestige သည် အဆင့်မြင့် မြို့ပြခံစားမှုများအား အပြည့်အဝခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာခမ်းနားထည်ဝါမှုကို ပေးစွမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

Source: Yoyarlay


Read 83 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.