Friday, 08 March 2019 08:35

huawei.jpg

Huawei Device Myanmar က မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်တွေ ကြိုက်နှစ်သက်တဲ့ ခေတ်ပေါ်တေးသီချင်းအမျိုးအစားများစွာကို ခံစားနားဆင်စေနိုင်မယ့် Huawei Music Festival ဂီတဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ Thuwannabumi Event Park မှာ ၂၀၁၉ ခုနှစ်၊ မတ်လ၊ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ထို Huawei Music Festival မှာ Electronic Dance, Pop, R&B နဲ့ Rock ဂီတအမျိုးအစားအစုံအလင် ပါဝင်မှာဖြစ်ပြီး ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်လိုက်ပါနေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြုလုပ်ပေးတာဖြစ်လို့ မြန်မာနိုင်ငံအတွင်းမှာပဲ နိုင်ငံတကာဂီတပွဲတော် အတွေ့အကြုံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

အခုဖျော်ဖြေပွဲတွင် မတူညီတဲ့ တေးဂီတအမျိုးအစားတွေကို အလှည့်ကျတင်ဆက်သွားမှာဖြစ်ပြီး ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ နိုင်ငံကျော် တေးဂီတအနုပညာရှင်တွေဖြစ်တဲ့ Big Bag၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ Ar-T၊ Idiot၊ Mary၊ ရဲလေး၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း နဲ့ မိစန္ဒီ အစရှိတဲ့ နာမည်ကြီးအဆိုတော်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

Huawei Device Myanmar အနေနဲ့ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ မတ်လ (၁၅)ရက်နေ့အတွင်း Huawei စမတ်ဖုန်း နဲ့ တက်ဘလက် ဘယ်အမျိုးအစားကိုမဆို ဝယ်ယူတဲ့ customers တိုင်းကို Huawei Music Festival လက်မှတ်ကို လက်ဆောင်ပေးနေပါတယ်လို့လည်း သိရပါတယ်။ အဲဒီလက်မှတ်တစ်စောင်နဲ့ လူနှစ်ဦး ဝင်ခွင့်ရရှိမှာဖြစ်ပြီး အထူးအစီအစဉ်အနေနဲ့လည်း winner တစ်ချို့ကို ရွေးချယ်မဲဖောက်ပေးမှာဖြစ်ပါတယ်။

အဲ့ဒီလို မဲစနစ်နဲ့ အနိုင်ရရှိတဲ့ winner တွေကို ပွဲနေ့မှာ မိမိနှစ်သက်တဲ့ အနုပညာရှင်တွေနဲ့ စင်နောက်မှာ မိတ်ဆက်တွေ့ဆုံခွင့်ရရှိစေမဲ့ အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပြီး Huawei Myanmar ရဲ့တရားဝင် Facebook စာမျက်နှာမှာ ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

Huawei Music Festival နဲ့ပတ်သက်တဲ့ ပွဲအစီအစဉ်တွေနဲ့အချက်အလက်တွေကို သိရှိလိုပါက Huawei Myanmar ရဲ့ Official Facebook Page https://www.facebook.com/HuaweimobileMM/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Source: Yoyarlay


Read 68 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.