Tuesday, 02 January 2018 08:36

yangon starts 2017
၂၀၁၈ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ နှစ်သစ်ကူးပွဲ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ အမြောက်အများ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လူငယ်တွေ စိတ်ကြိုက်ဖြစ်ခဲ့တဲ့ Free Show ကိုတော့ Forever Group က နာမည်ကြီး အဆိုတော်တွေနဲ့ ကျိုက္ကဆံကွင်းမှာ ကျင်းပပြုလုပ်ခဲ့သလို လူငယ်တွေပါမက လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ IC အဖွဲ့ကလည်း မိုင်ဒါကွင်းမှာ အခမဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် Myanmar Event Park ၊ One Entertainment Park နဲ့ Yangon Waterboom တို့မှာ Show ပွဲတွေကို စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသော Bar တွေ၊ Restaurant တွေကလည်း နှစ်သစ်ကို ပုံစံအမျိုးမျိုးနဲ့ ကြိုဆိုခဲ့ကြပါတယ်။ အင်းယားကန်ဘောင်နဲ့ ပြည်သူ့ရင်ပြင်မှာဆိုရင်လည်း လူငယ်တွေနဲ့ ပြည့်ကျပ်လို့ နေခဲ့ပါတယ်။ ပွဲအခမ်းအနားတွေ မတူညီကြပါမယ့်လည်း ည ၁၂ နာရီအတိမှာတော့ ရန်ကုန်တစ်မြို့လုံးမှာ Happy New Year ဆိုတဲ့အသံနဲ့အတူ လူငယ်တွေရဲ့ ပျော်ရွှင်ဖွယ်ရာ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။
Yangon Burma New Year Eve Fireworks

Photo: Google
Read More About Entertainment Articles Here


Read times Last modified on Tuesday, 02 January 2018 08:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.