Friday, 29 December 2017 11:08

Happy New Year Images 2018 HD 1
မကြာခင်နှစ်သစ်ကို ရောက်တော့မှာဆိုတော့ နှစ်သစ်ကိုကြိုဆိုကြမယ့် လူငယ်တွေအတွက် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် New Year ပွဲအခမ်းအနားတွေကို My Yangon ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
dream
Sule Shangri-La မှာ ကျင်းပပြုလုပ်မယ့် Dreams Come True

ဒီပွဲကိုတော့ Miss Grand International Myanmar 2017 အေးချမ်းမိုးကနေ အစီအစဉ်မှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ Moulin Rogue ညလေးကို ည ၉ နာရီကနေ သန်းခေါင်ကျော် ၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ Belly Dancer ခေမီကိုနဲ့ Filipino band Silver Entertainment (PULP) ရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကိုလည်း ကြည့်ရှုခံစားရမှာပါ။ ထိုင်းနိုင်ငံက DJ Vida ရဲ့ မြူးကြွလှပတဲ့ သံစဉ်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေကို ခံစားပြီး Beer ၊ House Wine ၊ Sparkling Wine နဲ့အတူ အထူး Cocktails တွေ ကြိုက်သလောက် သုံးဆောင်ဖို့အတွက် တစ်ယောက်ကို US$ 45 ကျသင့်မှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာ အစီအစဉ်ထဲက တစ်ခုကတော့ Shangri La Hotels Group ထဲက ဟိုတယ်တွေမှာလည်း မနက်စာ အပါအဝင် ၂ ည တည်းခိုခွင့်ရရှိမယ့် ကူပွန်တွေကိုလည်း ကံစမ်းမဲနှိုက်ပေးဦးမှာ ဖြစ်ပါတယ်။ အထူးဆု အနေကတော့ Bangkok Airways ရဲ့ အသွားအပြန် လေယာဉ်လက်မှတ် အပါအဝင် ဘန်ကောက်က Shangri La Hotel မှာ မနက်စာအပါအဝင် ၂ ည တည်းခိုခွင့်ပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်တယ် ဆိုရင်တော့ (95 1) 242 828 ext 6404 or email [email protected] ကို ဆက်သွယ်နိုင်ပါတယ်။
ygn bar
YGN Bar ရဲ့ New Year Party

New Year အတွက်ကို YGN Bar ကလည်း တင်ဆက်နေကျဖြစ်တဲ့ Dj AG Min Oo, Dj Moe Zat, Dj A-II တို့အပြင် Dj Kitty, Dj Smile, Dj Dynamite တို့နဲ့ အကောင်းဆုံး အထူးခြားဆုံး music တွေနဲ့ New Year ညလေးကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ Entry Fee ကတော့ ၈၀၀၀ ကျပ် ဖြစ်ပြီး reservation လုပ်ချင်ရင်တော့ 01 231 4716 ကို ဆက်သွယ်နိုင်ပါတယ်။
festive season
The Square Restaurant ရဲ့ Festive Season

Novotel Hotel ရဲ့ The Square Restaurant မှာလည်း Festive Season ကို အရမ်းကောင်းတဲ့ အစီအစဉ်တွေ နဲ့အတူ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ The Square မှာ အရသာရှိတဲ့ New Year Eve Dinner အတွက် တစ်ဦးကို ၆၇ ဒေါ်လာနဲ့ သုံးဆောင်နိုင်မှာဖြစ်ပြီး Countdown Party မှာပါ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
piano bar new year
Piano Bar မှာ ကျင်းပပြုလုပ်မယ့် 2018 New Year Night Party

နှစ်သစ်ညမှာ ဘော်ဒါတွေနဲ့အတူ စိတ်ကြိုက်ကဲရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက်ကို Piano Bar ကလည်း 2018 New Year Night Party ကို ကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အမိုက်စား New Year Night Party ကို တေးသံရှင် Tharr Gyi ၊ Eaint Chit ၊ Tay Za MC ၊ Char Char တို့ရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ DJ EMJ, DJ Emily, Dj Nice တို့ရဲ့ အမိုက်စား Beat သံစဉ်တွေကို စိတ်ကြိုက်စီးမျော ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ Silver Package (120,000 Ks)၊ Gold Package (200,000 Ks)၊ Diamond Package (250,000 Ks) တို့ပဲ ဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ 09 977955633 / 09 977955644 / 09 777 229 750 စတဲ့ ဖုန်းတွေကို ခေါ်ဆိုပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
boom wave
Yangon Waterboom ရဲ့ The Boom Wave Pool Party

Boom Wave Pool Party ကိုတော့ Yangon Waterboom မှာ အလန်းတကာ့ အလန်းဆုံး အစီအစဉ်တွေနဲ့ ညနေ ၆ နာရီကစပြီး ကျင်းပပေးသွားမှာပါ။ တေးသံရှင် GLatt, Ye Yint Aung, Jet San Htun, Eint Chit, Jewel တို့ရဲ့ သီဆိုမှုတွေအပြင် DJ Wine, DJ Ajhon တို့ကလည်း အမြူးကြွဆုံး တေးသံတွေကို ဖျော်ဖြေပေးသွားမှာပါ။ လက်မှတ် ဈေးနှုန်းတွေအနေနဲ့ GA ~ 20,000 ks နဲ့ VIP ~ 50,000 ks ဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ Yangon Waterboom, G&G Convenience store, Sein Gay Har, CHO store, MMTix - 09451010789 /±www.facebook.com/mmtix တို့မှာ ဝယ်ယူနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ Dress Code ကတော့ Swim Wear, Beach Wear, Sports Wear တို့ဖြစ်ပါတယ်။
tg bar
TG bar က ကျင်းပပြုလုပ်မယ့် New Year Party

TG bar က ကျင်းပပြုလုပ်မယ့် New Year Party မှာတော့ DJ Right D, DJ AK M တို့က ပါဝင်မှာ ဖြစ်ပြီး Dj အနေနဲ့ Hip Hop, Trap Urban Music, Top 40, EDM music တွေနဲ့ ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ Main Artists အနေနဲ့ သီဆိုဖျော်ဖြေသွားကြမယ့် Hip Hop Artists တွေက Streetz G x Jimmy Jacobs x WG x Htat Naing တို့ဖြစ်ပြီး Supporting Artists တွေဖြစ်တဲ့ Hastle Lion (B Lord), Linn Naing, Otto, Ye Naing, Rosan, Young P, Chit Lunn Zaw, Pocketz, Phyo Zan တို့ကလည်း သီဆိုဖျော်ဖြေပေးသွားဦးမှာပါ။ Hip Hop Freestyle Battle ပြိုင်ပွဲ အစီအစဉ်လည်း ပါဝင်လို့ 2K18 ရဲ့ Hip Hop Freestyler က ဘယ်သူဆိုတာလည်း တွေ့မြင်ရမှာပါ။ YGN SQUAD (Hip Hop Freestyle Battle & Show) ကြိုတင်လက်မှတ် ၁စောင်ကို ၁သောင်းကျပ်နှုန်းနဲ့ စတင်ရောင်းချနေပြီး ကြိုတင်လက်မှတ် မှာယူချင်ရင်တော့ 09950321698 ကို ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်။
90 bar
90's BAR ရဲ့ 90's New Year Countdown Party 

90's BAR က ကျင်းပပြုလုပ်မယ့် 90's New Year Countdown Party ၉၀ခုနှစ်ကို ပြန်ရောက်သွားသလို ခံစားမှုရသကို ပေးစွမ်းနိုင်မှာပါ။ ဆိုင်ရှေ့က မြေကွက်လပ်မှာ ကြက်သားနဲ့ ဘူးသီးကာလသားချက် အိုးကြီးက သင့်ကိုစောင့်နေမှာဖြစ်ပြီး ကိုယ်တိုင်ကူညီ ၀င်ချက်ချင်တယ် ဆိုရင်တော့ စောစောသွားရောက်နိုင်ပါတယ်။ တစ်ဝိုင်းကို ဟင်းတစ်ခွက်စီ အိုးမကုန်မချင်း ရမှာဖြစ်ပါတယ်။ DJ ကလည်း အလန်းစားသီချင်းတွေ ဖွင့်ပေးဦးမယ့်အပြင် စိတ်ဝင်စားစရာ အစီအစဉ်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါ့အပြင် ၆ နာရီကနေ ၉ နာရီ ထိ Coaktail Happy Hour တစ်ခွက်ဝယ် တစ်ခွက် Free ၊ ၉ နာရီကနေ ၁၁ နာရီထိက Shot Happy Hour ကြိုက်တဲ့ Shot ကို သောက် နှစ်ခွက် သောက်ရင် တစ်ခွက် Free (ပုလင်းလိုက် သောက်မယ်ဆို 20 % ထိ လျော့ပေးမှာပါ)။ ၁၁ နာရီကနေ ၁၂ နာရီက တော့ Heineken (၀r) Tiger Beer ကို အ၀သောက် မကုန်မချင်း Free Flow ပေးထားမှာပါ။ ဒီပွဲလေးကို လာမယ်ဆိုရင်တော့ 09 799 748990 ကို ဆက်သွယ်ပြီး ဘိုကင်ကြိုလုပ်ထားနိုင်ပါတယ်။
new year count down
The ONE Entertainment Park မှာ ကျင်းပပြုလုပ်မယ့် New Year Countdown Yangon 2018

New Year Countdown Party ကြီးကိုတော့ The ONE Entertainment Park မှာ ညနေ ၅ နာရီက စတင်ပြီး အကြီးကျယ် အခမ်းနားဆုံး ဖျော်ဖြေတင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။ လက်မှတ်အတုအပတွေ ကင်းဝေးစေဖို့အတွက် တရားဝင်ကြေညာထားတဲ့ နေရာတွေမှာပဲ ၀ယ်ယူပေးကြဖို့ လိုပါတယ်။ အသေးစိတ် သိလိုတယ်ဆိုရင်တော့ New Year Countdown Yangon Page မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
welcome 2018
Myanmar Event Park က Welcome 2018 New Year Party

2018 New Year Party ကို ညနေ ၅ နာရီတည်းကစပြီး မင်းဓမ္မလမ်းမှာရှိတဲ့ MEP မှာ ကျင်းပပြုလုပ် ပေးသွားမှာပါ။ ဒီပွဲမှာတော့ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဇော်ပိုင်၊ ဝေလ၊ အောင်ထက်၊ မိုးသောက်၊ ကော်နီ၊ ချောစုခင်၊ L-ဆိုင်းဇီ၊ ချမ်းချမ်း နဲ့ နီနီခင်ဇော် အစရှိတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို တ၀ကြီး ခံစားနားဆင်ရမှာပါ။ လက်မှတ်တွေကိုတော့ ၁၅၀၀၀ကျပ် ထိုင်ခုံတန်းနဲ့ ၉၀၀၀ ထိုင်ခုံတန်း ဆိုပြီး နှစ်မျိုးခွဲခြားသတ်မှတ်ကာ MMTIX မှ ရောင်းချပေးနေပါတယ်။ စိတ်ကြိုက် ထိုင်ခုံကို Seating Plan ကြည့်ပြီး ရွေးချယ်ဝယ်နိုင်ဖို့ MMTIX HOTLINE 09451010789 ကို ဆက်သွယ်နိုင်ပါတယ်။
night market count down
The Night Market Happy New Year CountDown

The Night Market Happy New Year CountDown ပွဲကြီးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီကနေ စတင်ပြီး ပြည်သူ့ရင်ပြင်ထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ International အစားအသောက်တွေ၊ BKK အစားအသောက်တွေ၊ နိုင်ငံတကာ Fashion တွေနဲ့ Unplugged, DJ ,Hiphop Show တွေ အများကြီး ပါဝင်မှာပါ။ ဆိုင်ခန်းဖွင့်ချင်ရင်ဖြစ်ဖြစ် ဒါမှမဟုတ် Sponsorship အဖြစ်ပါဝင်ချင်ရင်ဖြစ်ဖြစ် 09781044021 ကို ဆက်သွယ်နိုင်ပါတယ်။

ဖူးပွင့်သူ


Read 297 times Last modified on Friday, 29 December 2017 11:39
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.