Monday, 09 October 2017 05:22

BEERFEST
မန်မာနိုင်ငံရဲ့ ပထမဆုံး ဘီယာသောက် ပြိုင်ပွဲကြီးကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ကနေ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ ဘီယာသောက်ပြိုင်ပွဲမှာ စစချင်း ပြိုင်ပွဲဝင် အယောက် ၅၀ လက်ခံပြီး ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲက ၃ ဆင့်ရှိပြီး ပထမအဆင့်မှာ ပြိုင်ပွဲဝင်အယောက် ၅၀ ထဲက ၁၂ ယောက်ကို ရွေးချယ်သွားမှာပါ။ ရွေးချယ်သွားမယ့် ပုံစံကတော့ ဘီယာ ၂ လီတာကို အမြန်ဆုံး သောက်နိုင်တဲ့ ၂၅ ယောက်ကို ပထမတစ်ကြိမ် ရွေးပါမယ်။ ရွေးချယ်ခံရတဲ့ ၂၅ ယောက်က ဘီယာခွက်သေး ၃ ခွက်ကို ပိုက်နဲ့ စုပ်သောက်ရပါမယ်။ အဲ့ထဲကနေ အမြန်ဆုံး သောက်နိုင်တဲ့ ၁၂ ယောက်ကို ဒုတိယအဆင့် (Semi-final) အတွက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ၁၂ ယောက်ထဲက ၆ ယောက်ရွေးချယ်ပြီး Final ကို တက်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ရွေးချယ်သွားမယ့် ပုံစံက ဘီယာ ၃ လီတာ အမြန်ဆုံး သောက်နိုင်တဲ့ ၈ ယောက်ကို ပထမတစ်ကြိမ် ရွေးချယ်ပါမယ်။ ရွေးချယ်ခံလိုက်ရတဲ့ ၈ ယောက်က ဘီယာကို မြည်းသောက်ကြည့်ပြီး အမျိုးအစား ခွဲရပါမယ်။ အဲ့ဒီအထဲကမှ အမှတ်အများဆုံး ရတဲ့သူ ၆ ယောက်ကတော့ နောက်ဆုံးအဆင့် (Final Round) တက်ရမှာပါ။

Final Round မှာတော့ ၆ ယောက်ထဲကနေ Winner နဲ့ First Runner Up ဆိုပြီး ၂ ယောက်ကို ရွေးမှာပါ။ Final Round မှာရွေးချယ်မယ့် ပုံစံကတော့ ပထမဆုံး ဘီယာ ၄ လီတာကို ၁၅ မိနစ် အတွင်း အမြန်ဆုံးသောက်နိုင်တဲ့ ၄ ယောက်ကို ရွေးပါမယ်။ အဲ့ ၄ ယောက်ကို ၂ ယောက်စီခွဲပြီး Beer Pong ဆော့ရပါမယ်။ အဖွဲ့နှစ်ဖွဲ့ထဲက အနိုင်ရသူ ၂ ယောက်ကို ရွေးပါမယ်။ အဲ့ဒီ နှစ်ယောက်ထဲက ၁၀ မိနစ်အတွင်း အများဆုံး သောက်နိုင်တဲ့သူကို Winner အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့ Winner ကို ငွေကျပ် ၁၀ သိန်းနဲ့ ဆုတံဆိပ်တစ်ခု ချီးမြှင့်မှာဖြစ်ပြီး First Runner Up ကိုတော့ ငွေကျပ် ၅ သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ဘီယာကို အပျော်သဘောမျိုး သောက်တာမဟုတ်ဘဲ ဆရာကျကျ သောက်နိုင်တဲ့သူတွေ၊ ဘယ်လောက် သောက်သောက် အေးဆေးပဲလို့ ယုံကြည်ချက်ရှိသူတွေ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်သင့်ပါတယ်။ ပြိုင်ပွဲမဝင်ဘဲ လာအားပေးမယ့် သူတွေအတွက်ကိုလည်း ဘီယာတွေ ကြိုက်သလောက် အဝသောက်လို့ ရမယ့် Beer Free Flow နဲ့ အစားအသောက်ဘူဖေး ကျွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းအစီအစဉ်နဲ့ လက်ဆောင် ပစ္စည်းတွေလည်း အများကြီး ပေးမှာဖြစ်ပါတယ်။

ဝင်ကြေးအနေနဲ့ကတော့ ပြိုင်ပွဲဝင်ကြေး 25,000 ကျပ်၊ ရိုးရိုးဝင်ကြေး 15,000 ကျပ် ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ အဆင့်မတက်ခဲ့ရင် နောက်ပွဲတွေမှာ ပါဝင်အားပေးဖို့ ငွေကျပ် ၅၀၀၀ နဲ့ လက်မှတ်တွေ ရောင်းပေးသွားမှာပါ။ ပြိုင်ပွဲကျင်းပမည့် နေရာတွေကတော့ First Round (Oct 14) - The Class Bar (7pm - 9pm), Second Round (Oct 21) - Bondi Bar (7pm - 9pm), Third Round (Oct 28) - The Beer Factory (7pm - 9pm) တို့မှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် သူတွေအနေနဲ့က ဒီ  Link မှာ >> http://bit.ly/2ko3znk  Register ပြုလုပ်ရမှာ ဖြစ်ပြီး ရိုးရိုးလက်မှတ် ၀ယ်ယူမယ့် သူတွေကတော့ The Class Bar, Bondi Bar, The Beer Factory တို့မှာ ၀ယ်ယူရမှာ ဖြစ်ပါတယ်။


Read 325 times Last modified on Monday, 09 October 2017 05:28
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.