Friday, 29 September 2017 11:10

ThingsTo Do Huawei
သီတင်းကျွတ်ကာလ ၃ ရက် ဆက်တိုက်အပြင် စနေ၊ တနင်္ဂနွေပါ ခံလိုက်တော့  ၅ ရက်ကြီးများတောင် ပိတ်ရက်တွေ ရှိနေတယ်ဆိုတော့ ခရီးသွားတဲ့သူတွေလည်း သွားတာပေါ့။ ခရီးမသွားဖြစ်လည်း  ရန်ကုန်မြို့မှာတင် နွှဲပျော်စရာ ပွဲလမ်းတွေက အပြည့်ပဲမို့  အားသာ ခဲထားလိုက်ပါ ..။
Huawei မီးမျှောပွဲတော်
Huawei Mobile (MM) ကနေ ဦးဆောင်ပြီး လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ပန်းခြံမှာ သီတင်းကျွတ် အမှတ်တရ မီးမျှောပွဲလေး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ Huawei နဲ့အတူ ပါဝင်ဆင်နွှဲလိုသူ မည်သူမဆို ပါဝင် တက်ရောက် ဆင်နွဲနိုင်ပြီး အောက်က ပေးထားတဲ့ Link လေးမှာ Register ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ဒီသီတင်းကျွတ်မှာ အမှတ်တရလေး ဖြစ်ဖို့ Huawei နဲ့အတူ မီးမျှောပွဲလေးမှာ ပါဝင် ဆင်နွဲနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
https://www.eventnook.com/event/huaweilightingfestival2017
The Night Market
မိုင်ဒါကွင်းမှာ ကျင်းပပြုလုပ်မယ့် The Night Market
The Night Market ကိုတော့ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ မိုင်ဒါကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ The Night Market ဆိုရင်တော့ နိုင်ငံတကာ အစားအသောက် တွေအပြင် သီတင်းကျွတ် ဈေးရောင်းပွဲကြီးပါ ကျင်းပသွားမှာပါ။ ဈေးရောင်းပွဲတော်ကြီးမှာ မီးရောင်စုံ အလှအပတွေ၊ နိုင်ငံတကာက အစားအသောက်တွေ၊ နောက်ဆုံးပေါ် အ၀တ်အထည်တွေ၊ ဖန်စီပစ္စည်းတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ စုံလင်စွာ ပါဝင်မှာပါ။ တစ်ကွင်းလုံးကိုလည်း အမိုးမိုး ထားမှာဆိုတော့ ရာသီဥတု အခြေအနေကိုလည်း စိတ်ပူနေရစရာမလိုဘဲ စိတ်အေးအေးနဲ့ သွားရောက်လည်ပတ်နိုင်မှာပါ။
Thadingyut Online Bazaar
Online Shopping တွေက ဆိုင်ခန်းပေါင်း ၂၀ကျော်နဲ့ ရောင်းချသွားမယ့် Thadingyut Online Bazaar

ရန်ကုန်မြို့မှာ  ပထမဆုံးအကြိမ်အနေနဲ့ Online Shopping တွေက ဆိုင်ခန်းပေါင်း ၂၀ ကျော်နဲ့ ရောင်းချသွားမယ့် Thadingyut Online Bazaar ကိုတော့ အောက်တိုဘာလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဆိုရင်တော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အစားအသောက်တွေ၊ Cosmectic တွေ၊ Clothing ဆိုင်တွေက အဓိက လာရောက် ရောင်းချပေးသွားမယ့်အပြင်  Discount တွေလည်း အများကြီး ပေးမှာဆိုတော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ပွဲဈေးပဲနော့။
yay kyaw
ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်
ရေကျော်မှာ ကျင်းပတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်ကတော့ နှစ်စဉ်နှစ်တိုင်း ရိုးမသွားတဲ့ ပွဲတော်ပါပဲ။ ဒီနှစ်မှာလည်း အောက်တိုဘာလ ၂ ရက်နေ့ကနေ အောက်တိုဘာလ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမယ့် ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်မှာ  အရင်နှစ်တွေကလိုပဲ ရှည်လျားလှတဲ့ ပွဲဈေးတန်းကြီးနဲ့အတူ ဖျော်ဖြေရေး အစီအစဉ် အများအပြားလည်း ပါဝင်ဦးမှာပါ။  မိသားစုနဲ့ပဲဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် လက်ဆွဲလို့ ပွဲဈေးလျှောက်ရတဲ့ အရသာကလည်း အရမ်းကို ကြည်နူးဖို့ ကောင်းမှာ အမှန်ပဲပေါ့။
YGN Thadinkyut Festival 2017
YGN Thadinkyut Festival 2017
YGN Thadinkyut Festival 2017 ပွဲတော်ကြီးကိုတော့  အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် မျှော်စင်ကျွန်းမှာ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲတော်မှာ ဆိုရင်တော့ ကန်တော်ကြီး ရေပြင်ထဲမှာ ကိရဝိတ်နောက်ခံနဲ့အတူ မီးပုံးလေးတွေ မျှောလို့ ရပါတယ်။ မီးပုံးလေးတွေမှာလည်း ကိုယ့်စိတ်ကြိုက် စာသားလေးတွေပါ ရေးလို့ရအောင် စီစဉ်ပေးထားမှာတဲ့။ ဒါ့အပြင် Entartainment Zone ထဲ သွားပြီး Artist တွေရဲ့ ဖျော်ဖြေမှုတွေကိုပါ တစ်ဝကြီး ခံစားလို့ ရမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် YTF Night Market ကြီးပါ ရှိနေဦးမှာဆိုတော့ အားလုံးအတွက် ပြီးပြည့်စုံတဲ့ ပွဲတော်ကြီး တစ်ခုပါပဲ။ ဒီပွဲတော် အတွက် ၀င်ကြေးကတော့ တစ်ရက်ကို ၁၅၀၀ ကျပ် ဖြစ်ပြီး ၀င်ကြေး လက်မှတ်တွေကို ပွဲကျင်းပမယ့် ရက်နေ့တွေမှာ ကန်တော်ကြီးဥယျာဉ်၊ သိမ်ဖြူလမ်း ဝင်ပေါက်နဲ့ မျှော်စင်ကျွန်း ဝင်ပေါက်တွေမှာ ရောင်းချပေးသွားမှာပါတဲ့။ လက်မှတ်တွေကို နေ့လယ် ၃ နာရီကစပြီး စတင်ဝယ်ယူ ရရှိနိုင်ပြီဆိုတော့  လူသိပ်မတိုးခင် စောစောသာ ၀င်ထားကြပေတော့။
7 Concert
တင်ဇာမော်ရဲ့ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲ
တင်ဇာမော်ရဲ့ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်မှာပါ။ လက်မှတ် ဈေးနှုန်းတွေ အနေနဲ့ကတော့ ငွေကျပ် ခုနစ်သောင်း၊ ငါးသောင်း၊ သုံးသောင်းနဲ့ တစ်သောင်းခွဲဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဖုန်း - 095077244 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ အားလုံးကြိုက်နှစ်သက်ကြတဲ့ အဆိုတော် တင်ဇော်မော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကတော့ ကြုံတောင့်ကြုံခဲလေးမို့ လုံးဝကို သွားကြည့်သင့်တဲ့ ပွဲတစ်ခုဆိုရင်လည်း မမှားပါဘူး။
LOTTE Hotels
LOTTE Hotel ရဲ့ Romantic Package
LOTTE Hotel ကလည်း ကိုယ့်ချစ်သူကို Surprise လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေကို လက်ဆောင် ပေးချင်လို့ပဲဖြစ်ဖြစ်၊ မင်္ဂလာ လက်ဆောင်မွန်အဖြစ် ချီးမြှင့်ချင်လို့ပဲဖြစ်ဖြစ်၊ ဖေဖေနဲ့ မေမေအတွက် အမှတ်တရနေ့လေး ဖန်တီးပေးချင်လို့ပဲဖြစ်ဖြစ်၊ ခရီးဝေးသွားစရာမလိုဘဲ အပန်းဖြေနိုင်မယ့် Romantic Package လေးကို စီစဉ်ပေးထားပါတယ်။ ဒီ Romantic Package မှာ ဆိုရင်တော့ ချိုမြစူးရှတဲ့ Sparkling Wine တစ်ပုလင်း၊ အင်းလျားကန် အလှအပကို ရှုမြင်ခံစားနိုင်တဲ့ Premier Lake View အခန်း၊ ရေကူးကန် နံဘေးက Poolside BBQ Restaurant မှာ ချစ်သူနဲ့ ရိုဆန်ဆန် Candlelit Dinner စားရင်း ဘဝအတွက် အမှတ်တရ ဖြစ်စေမယ့် Photography အစီအစဉ်၊ ဟိုတယ်ရဲ့ နာမည်ကျော် La Seine Restaurant မှာ မနက်စာဘူဖေး စတဲ့ ခံစားခွင့်တွေ ရရှိနိုင်မယ့်အပြင် Late Check Out အဖြစ် အခန်းကို ညနေ ၄ နာရီအထိ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဧည့်သည် နှစ်ယောက်စာအတွက် တစ်ညကို ၂၆၅,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး Dinner, Breakfast & Photography အစီအစဉ်တွေ ပါဝင်တာမို့ အလှဆုံး အမှတ်တရ အချိန်တွေ ဖန်တီးဖို့ အခွင့်ကောင်းပါပဲ။ ဒါ့အပြင် ချစ်သူအတွက် အမှတ်တရ ပန်းစည်းနဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း ဘောင်လှလှလေးနဲ့ လက်ဆောင် ပြန်ပေးဦးမှာတဲ့။ Booking ကာလက အောက်တိုဘာလ ကနေ နိုဝင်ဘာလ အထိ ဖြစ်ပြီး တည်းခိုခွင့်ကာလက အောက်တိုဘာလ ကနေ ဒီဇင်ဘာလ အထိ ဆိုတော့ သီတင်းကျွတ် ပိတ်ရက်တွေအတွက်  အထူး အချိန်ဖြုန်းလို့ ရပြီလေ။ LOTTE Hotels - ပြည်လမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့နယ်။ ဖုန်း - ၀၁-၉၃၅၁၀၁၁~၁၆

ဖူးပွင့်သူ
Read More About Things to do in Yangon Here


Read times Last modified on Tuesday, 03 October 2017 11:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.