Friday, 15 September 2017 09:59

2xspicy noodle
ဒီပွဲလေးကတော့ 2xSpicy Noodle ကြိုက်သူတွေအတွက် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ 2xSpicy Noodle ကို ဘယ်မှာဝယ်ရမလဲ ဘယ်လိုရှာဝယ်ရမလဲ ဖြစ်နေတဲ့သူတွေလည်း ပြိုင်ပွဲမှာ ၀င်ပြိုင်ရင်း အရသာ မြည်းစမ်းကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲပုံစံကတော့ တစ်ယောက်ကို 2xSpicy Noodle ၂ထုပ်စီနဲ့ ၄မိနစ်အတွင်း ပြိုင်စားနိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရရှိမယ့်သူက ခေါက်ဆွဲထုပ် ၁၀ ထုပ်ရယ် Craft Café ရဲ့ ကူပွန်တွေရယ် နောက်ပြီး အစပ်အစားနိုင်ဆုံး Trophy ကိုပါ ရမှာပါ။ ပြိုင်ရမယ့် နေရာကတော့ ဗိုလ်ရာညွန့်လမ်းနဲ့ န၀ဒေးလမ်းထောင့်က Craft Café မှာ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၃ နာရီကနေ ညနေ ၅နာရီအထိပဲ ဖြစ်ပါတယ်။ ကဲကိုယ်က အစပ်စားနိုင်သူ တယောက်ဆိုရင်တော့ ဒီပြိုင်ပွဲလေးကို သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Craft Café - အမှတ်၃၃၊ ဗိုလ်ရာညွန့်လမ်းနဲ့ န၀ဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်။ ဖုန်း - 09960608333


Read 272 times Last modified on Friday, 15 September 2017 10:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.