Tuesday, 05 September 2017 05:06

thai10
ထိုင်း၊မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ Thai Food Festival (ထိုင်းအစားအစာပွဲတော်)ကို နိုဗိုတယ်ရန်ကုန်မက်စ် ရဲ့ The Square စားသောက်ဆိုင်မှာ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။ ဒီပွဲမှာတော့ နှစ်ပေါင်းများစွာ နိုင်ငံတကာက ထိုင်းသံရုံးတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံက စားဖိုမှူး Chef Chayanit Prampate နဲ့ အဖွဲ့က လာရောက်ပြီး ထိုင်းနိုင်ငံရဲ့ အရသာအစုံဟင်းလျှာတွေကို နေ့တိုင်းမတူညီအောင် ချက်ပြုတ်တင်ဆက်ပေးနေမှာဖြစ်ပြီး များပြားလှတဲ့ ဟင်းလျာမျိုးစုံအပြင် အချိုပွဲအမြောက်အမြားကိုလည်း Thai Food Festival မှာ သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လှပတဲ့ ထိုင်းရိုးရာအက၊ မြန်မာ့ရိုးရာ ဖယောင်းတိုင်အက နဲ့ အသီးအနှံအလှပုံဖော်ခြင်း အစရှိတဲ့ ဖျော်ဖြေမှုတွေကိုပါ ပါဝင်တင်ဆက်ဦးမှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ တနလာင်္နေ့ကနေ ကြာသပတေးနေ့အထိနဲ့ စနေနေ့ နေ့လယ်စာကို 29 USDနဲ့ ညစာအတွက်ကတော့ 35USD သတ်မှတ်ထားပါတယ်။ သောကြာနေ့ Thai Seafood Night Special ကတော့ 39USD နဲ့ တနင်္ဂနွေနေ့ Thai Theme Brunch ကတော့ 37USD ဖြစ်ပါတယ်။ ပေးရတဲ့နှုန်းထားနဲ့ တန်အောင်လည်း အစားအစာတွေက အရသာကောင်းပြီး များပြားလှတာမို့ ထိုင်းအစားအစာ နှစ်သက်သူတွေ ထိုင်းအရသာအစစ်ကို ခံစားလိုသူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ပွဲတော်တစ်ခုပါပဲ။ ဘယ်မှာမှ မတွေ့ကြုံဖူးသေးတဲ့ ခံစားချက်အသစ်ကို ခံစားရစေဖို့ My Yangon ကနေ Thai Food Festival ပွဲတော်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
thaifoodfes.jpg9

Thai Food Festival - နိုဗိုတယ်ဟိုတယ်၊ ၅လွှာ၊ The Square စားသောက်ဆိုင်။ ဖုန်း - ၀၉၄၂၅၀၂၅၇၄၉

Read More About Restaureants Here


Read 273 times Last modified on Tuesday, 05 September 2017 05:21
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.