ďťż
Friday, 01 September 2017 08:05

waterboomfeature
ဒီတစ်ခေါက်မှာတော့ ကျောင်းစာတွေနဲ့သာ အချိန်ကုန်နေရတဲ့ ကလေးတွေအတွက် သွားရောက်လည်ပတ်လို့ ကောင်းမယ့်နေရာလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
Yangon Water Boom
Water Boom မှာ ကစားနည်းအမျိုးပေါင်း ၂၀ ကျော်ရှိပြီး နေရာအလိုက် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့်နေရာတွေ၊ အပေါင်းအသင်းနဲ့ပဲ ဖြစ်ဖြစ် တစ်ဦးချင်းစီအနေနဲ့ပဲ ဖြစ်ဖြစ် ပျော်ရွှင်စွာဆော့ကစားနိုင်မယ့် နေရာတွေ၊ ကလေးငယ်တွေ ဆော့ကစားနိုင်မယ့် နေရာတွေကို Kiddy Land၊ Out Bound၊ The Dome၊ Futsal Play Ground၊ Wave Pool ဆိုပြီး စိတ်ဝင်စားဖွယ်ရာ ဖန်တီးထားပါတယ်။ အရင်က ရေနဲ့ပတ်သက်လို့ ပြသနာတချို့ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ Water Boom တစ်ခုလုံးမှာ လည်ပတ်နေတဲ့ ရေစနစ်တစ်ခုလုံးကို နိုင်ငံတကာ အဆင့်မီ ရေသန့်စင် စနစ်တွေနဲ့ အဆင့်မြှင့် ဆောင်ရွက်ထားပြီလို့ သိရပါတယ်။ Kiddy Land မှာတော့ ကလေးတွေအတွက် ပျော်စရာကောင်းတဲ့ ဂိမ်းကစားနည်း ၁၅ မျိုးကို စိတ်ကြိုက်ကစားလို့ရမယ့်အပြင် သဲပန်းချီ ကတ်လေးတွေကိုလည်း စိတ်ကြိုက်အရောင် ခြယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Water Boom ရဲ့ ၀င်ကြေးကတော့ အင်္ဂါနေ့ကနေ့ သောကြာနေ့အထိကို လူကြီး ၂၀၀၀၀ ကျပ်၊ အရပ် ၄ ပေ အောက် ကလေးတွေဆိုရင် ၁၅၀၀၀ ကျပ် ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေဆိုရင်တော့ လူကြီး ၂၅၀၀၀ ကျပ်၊ အရပ် ၄ ပေ အောက် ကလေးတွေဆိုရင် ၂၀၀၀၀ ကျပ်ဖြစ်ပြီး Kiddy Land ကို ၀င်မယ်ဆိုရင်တော့ ၀င်ကြေး ၂၀၀၀ ကျပ် ထပ်ပေးရမှာဖြစ်တယ်။ Water Boom ထဲကို မ၀င်တော့ဘဲ Kiddy Land ကို တိုက်ရိုက်သွားချင်တယ်ဆိုလည်း ၀င်ကြေး ၂၀၀၀ ကျပ်တည်းနဲ့ သွားလို့ရပါတယ်နော်။
Yangon Water Boom - ရှုခင်းသာပန်းခြံ၊ ယမုံနာလမ်း၊ ဒေါပုံမြို့နယ်။

Alibaba Amusement
Alibaba Amusement
Alibaba Amusement ကတော့ အဓိက စက်ပစ္စည်းတွေနဲ့ ဆော့ကစားရတဲ့ ဂိမ်းကစားကွင်း တစ်ခုပါပဲ။ Alibaba Amusement မှာ ကလေးရော လူကြီးတွေပါ ဆော့ကစားနိုင်ပါတယ်။ Adventure Game၊ Mai Mai Murasaki ဂိမ်း၊ Time Crisis 5 သေနတ်ပစ်ဂိမ်း၊ GunBulletX၊ Barrel of Laughs ဂိမ်း၊ Transformers: Human Alliance ဂိမ်း၊  Drum၊ Jurassic Park Arcade ဂိမ်း၊  Air Hockey၊ Kung Fu Panda Dojo Mojo Game၊ Wangon Midnight Arcade Game၊ Taiko no Tatsujin၊ Pink Panther၊ DeadStorm Pirates ဂိမ်း၊ Pirate’s Hook ဂိမ်း၊  Bubble Hockey  စတဲ့ ဂိမ်းကစားနည်းတွေအပြင် အခြားခေတ်မီကစားနည်းတွေလည်း အများအပြားရှိပါတယ်။ ကစားနည်း တစ်ခုချင်းစီအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ မိုးလုံလေလုံ ဆော့ကစားချင်သူတွေအတွက်ကတော့ Alibaba Amusement က အရမ်းကို အဆင်ပြစေတာပဲပေါ့။
Alibaba Amusement – Corner of Kabar Aye Pagoda Rd and N0,1 Industrial Rd

happy world 1
Happy World Amusement Zone
Happy World ကတော့ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ကစားကွင်းတစ်ခုပါ။ ဒါပေမယ့် အခုအခါမှာတော့ အသစ်အဆန်းတွေနဲ့ ပြန်လည်ပြုပြင်ထားပါတယ်။ Happy World ထဲမှာဆိုရင် သားသားမီးမီးတွေအတွက် လွတ်လပ်ပျော်ရွင်စွာ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားဆော့ကစားနိုင်တဲ့ ပျော့ပျော့အိအိ ကစားကွင်း ရှိတဲ့အပြင် အသစ်ထပ်မံပြီး ပျော့ပျော့အိအိ ဘောလုံးကစားကွင်းကိုပါ ဖွင့်လှစ်ထားပါတယ်။ ကလေးတွေအကြိုက် မိုးပျံပြိုင်ကား၊ ချစ်စရာကောင်းတဲ့ တောကောင်လေးတွေ၊ မီးရထားကြီး နဲ့အတူ အခြားကစားနည်းမျိုးစုံလည်း ရှိပါတယ်။ မိသားစုလိုက်ပဲ ဖြစ်ဖြစ်၊ မောင်နှမတွေ၊ သူငယ်ချင်းအုပ်စုလိုက်ပဲ ဖြစ်ဖြစ် ၃ယောက် စီးလို့ရတဲ့ အပျော်စီးလှေတွေရောပဲပေါ့။ ဒါ့အပြင် တမူထူးခြားဆန်းပြားတဲ့ 3D Gallery မှာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ပျော်ပျော်ပါးပါး မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးရိုက်လို့ရတဲ့အပြင် ရင်ခုန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပျော်ရွှင်စရာ မှန်ဝင်္ကပါနဲ့အတူ နှင်းဖွေးဖွေးလေးတွေ ကျဆင်းနေတဲ့ ခံစားမှုရသသစ်ကို ရရှိစေနိုင်တဲ့ Snow City ထဲမှာ အနားယူ အပန်းဖြေလို့လည်း ရပါတယ်။ ကလေးတွေအတွက်တင်မကဘဲ လူငယ် လူရွယ်တွေပါ ဆော့ကစားနိုင်တဲ့ သရဲအိမ်၊ သရဲရထားအပြင် တိုက်ကားကွင်းကြီးကလည်း စိတ်လှုပ်ရှားတဲ့ကစားနည်းတွေကို သဘောကျတဲ့သူတွေအတွက် အိုကေပါပဲ။ ကလေးတွေကို လိုက်ပို့ရင်း လူကြီးတွေအတွက်ပါ အဆင်ပြေအောင် မိသားစု ကာရာအိုကေ အခန်းနဲ့အတူ ကစားကွင်းအတွင်းမှာ အအေးဆိုင်၊ မုန့်ဆိုင်နဲ့ စားသောက်ဆိုင်တွေကိုပါ တွဲဖက် ဖွင့်လှစ်ပေးထားပါတယ်။ Happy World ကိုသွားမယ်ဆိုရင်တော့ ၀င်ကြေးက ၂၀၀ ကျပ်ပါ။ ကစားနည်းတွေကတော့ တစ်မျိုးကို ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် အထိရှိပြီး ကိုယ်သဘောကျတာ ရွေးချယ် ကစားရုံပါပဲ။ ဒါ့အပြင် တနေကုန် ကြိုက်တဲ့ကစားနည်း အမျိုး ၂၀ ကို ဆော့ပြီး ၅၀၀၀ ကျပ်ပဲ ပေးရတဲ့ Package လည်း ရှိပါတယ်။
Happy World Amusement Zone - ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ဦးဥတ္တမပန်းခြံ၊ ရန်ကုန်။
Kidzon Myanmar 1
KidZon Myanmar
KidZon Myanmar ကတော့ Junction City ရဲ့ ၄လွှာမှာ ရှိတာပါ။ KidZon မှာ သားသား မီးမီးတွေ ချစ်ခင်နှစ်သစ်တဲ့ တိရစ္ဆာန်အကောင်လေးတွေ မျိုးစုံကို ပျော်ပျော်ရွှင်ရွှင်စီးနင်းနိုင်မယ့် Pony's Safari လေးတွေလည်းရှိပါတယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့် Pony's Safari လေးအပြင် အရမ်းပျော်စရာကောင်းလွန်းတဲ့ Adventure Land, KidZon Beach နဲ့ Junior Driving Club တို့လည်း ရှိပါသေးတယ်။ ဒါ့အပြင် KidZon မှာ ကလေးတွေ ပျော်ပျော်ပါးပါးကြီး ကစားနေတဲ့အချိန် အတူတူလိုက်လာတဲ့ အမေတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေ နားနားနေနေ စကားပြောလို့ ရဖို့အတွက် KidZon Café လည်း ရှိတာကြောင့် နားနားနေနေ ကော်ဖီသောက်နေလို့ ရပါတယ်။ ဒါ့အပြင် ကလေးတွေကို KidZon Myanmar ထဲ ဆော့ကစားခိုင်းပြီး ကိုယ်ကလည်း Junction City ထဲမှာ အေးအေးဆေးဆေး ရှော့ပင်ထွက်နေလို့လည်း ရပါတယ်။ KidZon ရဲ့ ၀င်ကြေးကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိကို ၀င်ကြေး ၅၀၀၀ ကျပ်ဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ၀င်ကြေးက ၇၀၀၀ကျပ်ဖြစ်ပါတယ်။ ဒီဝင်ကြေးတွေက သက်မှတ်ထားတဲ့ ကစားနည်း ၁၄ မျိုးကို ဆော့ကစားနိုင်မှာဖြစ်ပြီး တခြားကစားနည်းတွေကတော့ ၅၀၀ကျပ်ကနေ ၄၀၀၀ကျပ်အထိ ရှိပါတယ်။
KidZon Myanmar - ၄လွှာ၊ Junction City၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့။
happy zone
Happy Zone
Happy Zone ကတော့ ပြည်သူရင်ပြင်ထဲမှာ ရှိတာပဲ ဖြစ်ပါတယ်။ ပြည်သူရင်ပြင်ကို မိသားစုလိုက် ပျော်ပွဲစားထွက်ရင်း Happy Zone ထဲကို ၀င်ကြေးအခမဲ့နဲ့ ၀င်လို့ရပါတယ်နော်။ Happy Zone ထဲမှာဆိုရင် ကလေးတွေအတွက် နေလုံ၊ မိုးလုံ ရေကူးလို့ရမယ့် ပျော့ပျော့အိအိ ရေကူးကန်လေး ရှိပါတယ်။ လျှပ်စစ်တိုက်ကား၊ မိုးပျံရထားနဲ့ အခြားကလေးကစားနည်း မျိုးစုံလည်း ရှိတဲ့အပြင် 5D ရုပ်ရှင်ကိုပါ မိသားစုအလိုက် ကြည့်ရှုလို့ ရမှာဖြစ်ပါတယ်။ Happy Zone က ၀င်ကြေးအခမဲ့ဖြစ်ပြီး ကစားနည်းတွေကလည်း တစ်မျိုးကို ၅၀၀ ကျပ် ကနေ ၁၀၀၀ ကျပ်အတွင်း ရှိပါတယ်။
Happy Zone - ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်း၊ ဒဂုံမြို့နယ်။
MomoPlay 2
MomoPlay
MomoPlay ကတော့ Myanmar Plaza နဲ့ St John City Mall တို့က ရှိတဲ့ ကစားကွင်းဖြစ်ပါတယ်။ MomoPlay ကစားကွင်းထဲမှာရှိတဲ့ ကစားနည်း တစ်ခုချင်းစီတိုင်းမှာ ကလေးရဲ့ အသက်နဲ့ အရပ် ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒီလို ကန့်သတ်ထားတာကလည်း ကလေးငယ်တွေရဲ့ လုံခြုံမှုနဲ့ ပျော်ရွှင်မှုအတွက်ကို သတ်မှတ်ထားတာလို့ ဆိုပါတယ်။ အဲဒီမှာ MomoPlay’s Rock Climbing၊ Mega Slide၊ Obstacle Ninja Course၊ Obstacle Ninja Course၊  Basketball Trampoline Park၊ Crochet Net Play၊ Lava Pit စတဲ့ ကစားနည်းတွေအပြင် အခြားကစားနည်း များစွာလည်း ရှိပါတယ်။ ၀င်ကြေးအနေနဲ့ကတော့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆိုရင် ၇၀၀၀ ကျပ်နဲ့ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိကိုတော့ ၀င်ကြေး ၅၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီဝင်ကြေးတွေက ကလေးရော လူကြီးပါ အတူတူဖြစ်ပြီး ခြေအိတ်ဖိုး ၁၅၀၀ ကျပ်ကိုတော့ ထပ်ဆောင်းပေးရမှာပါ။ နောက်တစ်ကြိမ်ကျ အဲဒီခြေအိတ် မမေ့မလျော့ ပြန်ယူလာလိုက်ရင်တော့ ခြေအိတ်ဖိုး သက်သာသွားမှာပေါ့။
MomoPlay(1) - Level 3, City Mall St John.
MomoPlay(2) - Level 3, Myanmar Plaza.

Read More About Best of Yangon Articles Here

 


Read times Last modified on Friday, 15 September 2017 09:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.